Chapter(25)အဆက်

351 76 0
                                    

Chapter(25)အဆက္
လင်းယုတုန်က ပြန်သွားရမှာဖြစ်လို့ ယာဉ်မောင်းထိုင်ခုံမှာ တိုက်ရိုက်ထိုင်လိုက်ပြီး ကျန်းရီဖေးက တွဲဖက်ယာဉ်မောင်းထိုင်ခုံမှာ ထိုင်လိုက်သည်။ကားပေါ်မတက်ခင် ကားထိုင်ခုံပေါ်မှာ တစ်စုံတစ်ခုကို တွေ့လိုက်တာကြောင့် ကောက်ကိုင်ပြီး လင်းယုတုန်ကိုမေးလိုက်တယ် "ဒါက ဘာလဲ?"

လင်းယုတုန်က "အိုး...ကျွန်တော့်အတန်းဖော်တွေစီက လက်ဆောင်လေ..သူတို့က ခင်ဗျားက လေအေးပေးစက်တပ်ဆင်ပေးလို့ ကျေးဇူးတင်နေတာကြတာ"

ကျန်းရီဖေးက အစကတော့ လက်ဆောင်ဘူးကို ချထားမလို့ပေမဲ့ လင်းယုတုန်ပြောတာနားထောင်ပြီးနောက် သူကမချထားတော့ဘဲ "ဒါက သူတို့ဘာဝယ်ခဲ့တယ်လို့ပြောလဲ?"

လင်းယုတုန်က ဖွင့်မကြည့်ခဲ့လို့ မသိတာကြောင့် ပြောလိုက်တယ် "ကျွန်တော်မသိဘူး။ကောင်းတာတစ်ခုခုဖြစ်ပါလိမ့်မယ်..ဖွင့်ကြည့်လိုက်လေ"

ကျန်းရီဖေးက ဘူးကိုဖွင့်ကြည့်လိုက်တော့ အတွင်းထဲမှာ အနီရောင်ရှို့အိတ်တစ်ခုကိုမြင်လိုက်ရသည်။အိတ်ပေါ်မှာ ကောင်းကင်နှင့်မြေကြီးကို ဆုတောင်းနေသည့်စုံတွဲတစ်တွဲပုံရှိနေသည်။ရှို့ကြိုးကိုဆွဲဖွင့်လိုက်ပြီးနောက်မှာတော့.....

ကျန်းရီဖေးက ပြုံးပြီး လင်းယုတုန်ကို ကြည့်ပြီးပြောလိုက်တယ် "ဒါကသာ လေအေးပေးစက်တွေတပ်ဆင်ပေးရတဲ့တန်ဖိုးဆိုရင် မင်းရဲ့အတန်းဖော်တွေက ကိုယ့်နှလုံးသားကို တကယ်ကိုအနိုင်ရသွားပါတယ်"

လင်းယုတုန်က f*uck!

ချောဆီတစ်ဘူးနှင့်အရောင်စုံပြီး အရသာအမျိုးမျိုးနှင့် ကွန်ဒုံးဒါဇင်များစွာ!!!

ရှို့ကျင်..ရှို့ကျင်..မင်းကို ဒီလိုအဖွဲ့ခေါင်းဆောင်ဖြစ်ဖို့ ငါတကယ်မမျှော်လင့်ထားဘူး...

လင်းယုတုန်၏မျက်နှာသည် ပူလောင်လာပြီး နံနက်တုန်းက ကျန်းရီဖေးပြောတဲ့စကားကို ရုတ်တရက်သတိရသွားသည်။

ကျန်းရီဖေးလည်း သတိရသွားပြီး လင်းယုတုန်ကို ကျီစယ်လိုက်တယ် "ဒါ တကယ်ဘဲ မင်းအတန်းဖော်တွေရဲ့လက်ဆောင်လား?မနက်တုန်းက မင်းကို ယူလာပေးဖို့ ကိုယ်မေးခဲ့သလားလို့..."

ရွှေရောင်လွှမ်းသောလက်ထပ်ခြင်း(ပြန်လည်မွေးဖွာခြင်း)  ရွှေရောင်လွှမ်းသောလက်ထပ်ခြင်းWhere stories live. Discover now