Chapter 1

587 20 2
                                    

ရုံးနောက်ကျနေလို့ coffee ခွက်လေးကိုင်ပြီး ခပ်မြန်မြန်လျှောက်နေတုန်း

"အာ့.... တောင်းပန်ပါတယ် ကျွန်တော် မမြင်လိုက်လို့ပါ"

သူ့ long coat မှာကတော့ coffee တွေပေသွားခဲ့ပြီ

ဒေါသထွက်သွားတာကြောင့် တစ်ခုခုပြောမလို့ လုပ်လိုက်ပေမယ့် ၊ အဲ့ဒီအချိန်မှာပဲငေးခနဲဖြစ်သွားရသည် ၊အိတ်ထဲကနေ တစ်ခုခုကို အသည်းအသန်ရှာနေတဲ့ကောင်လေး ၊ အဖြူရောင်ဆံပင် အုပ်အုပ်ကလေးနဲ့ နှင်းလို ဖြူဆွတ်နေတဲ့အသားအရေ ချစ်ဖို့ကောင်းတဲ့မျက်နှာလေးနဲ့ နှာတံထင်းထင်းလေးဘေးက မှဲ့နက်ကလေး ၊ ဂျင်း၀မ်းဆက်အပြာနုကလေးနဲ့ မြင်တဲ့လူတိုင်းငေးခနဲဖြစ်သွားရလောက်တဲ့အထိ ချစ်စရာကောင်းလှသည် ။ စိတ်ထဲမှာ နာမည်လေးခိုးပေးလိုက်မိသည်က အူယူ (အူယူ (우유) ဆိုတာ ကိုရီးယားလို နွားနို့ကိုပြောတာပါ နွားနို့လိုဖြူဆွတ်နေတာကြောင့် အဲ့ဒီနာမည်လေးကိုပေးလိုက်တာပါ)

"ဒီမှာ......အဆင်ပြေရဲ့လားခင်ဗျ?"

ပုခုံးကိုခပ်ဖွဖွလာထိမှ သတိပြန်၀င်လာတော့သည် ၊ ကောင်လေးလက်ထဲမှာလည်း တစ်ရှူးတွေနဲ့ သူ့ကိုရသလောက်သုတ်ပေးထားပုံရသည် ။ ဘာမှပြန်မပြောမိပဲကြည့်နေတော့

"ဟိုလေ......တစ်ကယ်လို့အချိန်ရမယ်ဆိုရင် ကျွန်တော် အင်္ကျီ ပြန်၀ယ်ပေးချင်လို့ပါ ၊ အခုအချိန်မရရင်လည်း.... "

"ရတယ် ကိုယ်အချိန်ရတယ်"

"အာ..... ဟုတ် အဲ့လိုဆိုရင်တော့ အဆင်ပြေတာပေါ့"

ပြုံးပြလိုက်တဲ့အချိန်လှစ်ခနဲပေါ်လာတဲ့သွားစွယ်လေးတွေ ၊ ဘုရားသခင်က မင်းကိုဖန်ဆင်း
တုန်းက အတော်အချိန်ယူခဲ့ပုံပဲ။

ရပါတယ် ဒီနေ့အလုပ်တွေများ နေပေမယ့်လည်း အခုအရေးမကြီးတော့ပါဘူး၊ အခုကတော့ ကောင်လေးက‌ေရှ့ကသွားပြီးသူက နောက်ကလိုက်‌ေနသည် ၊ ကြည့်ရတာ ခပ်သုတ်သုတ်ဖြစ်နေတာကြောင့် အချိန်မရလို့လားဟုပင်တွေးလိုက်မိသည် ။

"မင်း..... အချိန်ရောရရဲ့လား ၊ မရရင်လည်း ကိုယ်ကအဆင်ပြေပါတယ် တစ်ကူးတကကြီး လိုက်၀ယ်ပေးစရာမလိုပါဘူး "

Give Up To Revenge Where stories live. Discover now