အပိုင်း ၁၅၆ မှ ၁၆၀

293 34 0
                                    


Chapter 156 - မင်း ငါ့ရဲ့ လျင်မြန်မှုကို သိလား

ထောင်ဒီတစ်ကောင်ရဲ့ စွမ်းအားနဲ့ ရောယှက်နေတဲ့ ကြောက်မယ်ဖွယ်ကောင်းတဲ့ ဓါးအလင်းက နတ်ဆိုးစွမ်းအင်နဲ့ ပြင်းထန်စွာ ရင်ဆိုင်မိသွားကြတယ်။

ရုတ်တရက်မှာ လေထုက အက်ကွဲလာခဲ့ပါတယ်။

အဲ့ဒီနောက် ကြောက်မက်ဖွယ်ကောင်းတဲ့ မြည်သံကြီး အဆုံးမရှိ ထွက်ပေါ်လာခဲ့ပါတယ်။

စက္ကန့်အနည်းငယ် ကြတော့ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုနှစ်ခုက တစ်ခုနဲ့ တစ်ခု ချေဖျက်နိုင်ခဲ့ပါတယ်။

အဆင့်မြင့်နတ်ဆိုးအင်ပါယာက အံ့အားသင့်သွားခဲ့ပါတယ်။

သူ့ရဲ့ အမြင်ထဲမှာ ယန်ချီကို သတ်ပစ်ဖို့အတွက် လက်သီးတစ်ချက်သာ လိုအပ်တယ်လို့ တွေးနေခဲ့ပါတယ်။

ဒါပေမယ့် အခုတော့ ယန်ချီက သူ့ရဲ့ လက်သီးချက်ကို ခုခံနိုင်ခဲ့ပါတယ်။

“လူသား.  . ” အဆင့်မြင့်နတ်ဆိုးအင်ပါယာက ယန်ချီကို ကြည့်လိုက်ပြီး လေးနက်တဲ့ အသံနဲ့ ပြောလိုက်တယ်။ “မမျှော်လင့်စွာနဲ့ မင်းက အဆင့်မြင့်သိုင်းအရှင်သခင် အဆင့် ဖြစ်နေတာကိုး ..  . .”

အဆင့်မြင့်နတ်ဆိုးအင်ပါယာက ယန်ချီသာ အလယ်အလတ် သိုင်းအရှင်သခင်အဆင့်ဆိုရင် သူ့ရဲ့ လက်သီးချက်ကို ဒီလို လွယ်လင့်တကူ ခုခံနိုင်မှာ မဟုတ်ဘူးဆိုတာသိပါတယ်။

ယန်ချီက ပြုံးလိုက်တယ်။

“မင်းကို သတ်ရင် ငါ ဓါးဆွဲထုတ်မှတ် သုံးသန်းရမှာဆိုတော့ အဓိပ္ပါယ်မရှိတာတွေ ပြောမနေတာ့ဘူး”

ယန်ချီက စကားသံဆုံးသွားတာနဲ့ ကောင်းကင်အဆင့် အမြန်နှုန်းနည်းစနစ်ဖြစ်တဲ့ ကောင်းကင်ခြေလှမ်းကို အသုံးပြုကာ နတ်ဆိုးပိုင်းဖြတ်ခြင်းဓါးကို ကိုင်စွဲပြီး အဆင့်မြင့်နတ်ဆိုးအင်ပါယာဆီကို ဦးတည်ပျံသန်းသွားခဲ့ပါတယ်။

အဆင့်မြင့်နတ်ဆိုးအင်ပါယာက ဒီမြင်ကွင်းကြောင့် သူ့ရဲ့ မျက်လုံးအစုံ ချက်ချင်း ကျုံ့သွားခဲ့ပါတယ်။

“ဒီ အမြန်နှုန်း. . ..”

ဒါပေမယ့်လည်း အဆင့်မြင့်နတ်ဆိုးအင်ပါယာကတော့ အဆင့်မြင့်နတ်ဆိုးအင်ပါယာပဲ ဖြစ်ပါတယ်။ ယန်ချီက သူ့ဘေးကို ရောက်လာတဲ့အခါ သူက ပြန်တုန့်ပြန်လိုက်တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now