အပိုင်း ၁၇၁ မှ ၁၇၅

293 29 0
                                    


Chapter 171 - အင်ပါယာမြို့တော်က ကျူးကျော် ရပ်ကွက်

ယန်ချီက သူ့လက်ထဲက ဓါးကို ကြည့်လိုက်ပါတယ်။

ဒီဓါးက အထီးကျန်ကပ်ဘေး ရှစ်ခု ဆေဘာဓါးပဲ ဖြစ်ပါတယ်။

အထီးကျန်ကပ်ဘေး ရှစ် ခု ဓါးဆိုတာ ဘာလဲ။
.
ဒီဓါးက အထီးကျန်ကပ်ဘေးရှစ်ခုနဲ့ ဘေးအန္တရယ်ခြောက်ခုပေါင်းစပ်ထားတဲ့ ဓါးတစ်ချောင်းဖြစ်ပါတယ်။

ဒီဓါးက အိမ်မက်ဆိုးကျရောက်စေတဲ့ ဓါးတစ်လက်ဖြစ်ပါတယ်။

ယန်ချီက ဓါးကို ဝှေ့ယမ်းလိုက်ပါတယ်။

ပေ ရှစ်ရာ ရှည်တဲ့ ဓါးအလင်းက ပျံသန်းထွက်ပေါ်လာခဲ့ပြီး လေဟာနယ်တောင်မှ အက်ကွဲသည်အထိ ကြောက်မက်ဖွယ်ကောင်းပြီး ဓါးရဲ့ စွမ်းအားက ဖိနှိပ်နိုင်စွမ်း ရှိပါတယ်။

ဓါးအလင်း ထွက်ပေါ်လာတဲ့ မြင်ကွင်းက တကယ်ကို ကြောက်မက်ဖွယ်ကောင်းနေခဲ့ပါတယ်။

ပြီးတော့ အရေးကြီးဆုံး တစ်ခုက အထီးကျန်ကပ်ဘေး ရှစ်ခု ဆေဘာဓါးက အကျဉ်းချ ချီလင်တစ်ကောင်ရဲ့ စွမ်းအား ရှိပါတယ်။

ချီလင်တစ်ကောင်ရဲ့ စွမ်းအား ဂျင် ၈ သန်းနဲ့ ယန်ချီရဲ့ တိုက်ခိုက်ရေးစွမ်းအား ဂျင် ၈သန်းပေါင်းမယ်ဆိုရင် စုစုပေါင်း တိုက်ခိုက်ရေးစွမ်းအား ဂျင် ၂၄ သန်း ရှိပါတယ်။ အဆင့်တစ်ဆယ်ဖန်ရွှေခန္ဓာကိုယ်နဲ့ဆိုရင် တိုက်ခိုက်ရေးစွမ်းအား ဂျင် ၃၂ သန်း ရှိပါတယ်။

ဒါက မူလ ဘိုးဘေးဆရာအဆင့် တစ်ယောက်ရဲ့ စွမ်းအားထက်ပိုပါတယ်။

ဓါးကို တလကြာအောင် ဆွဲထုတ်ပြီးနောက် ယန်ချီရဲ့ တိုက်ခိုက်ရေးစွမ်းအားက မူလဘိုးဘေးဆရာအဆင့် တစ်ယောက်ရဲ့ စွမ်းအားကို ရရှိခဲ့ပါတယ်။

ယန်ချီက အနည်းငယ် စဉ်းစားနေခဲ့ပြီ အချိန်အတော်ကြာမှာ သတိပြန်ဝင်လာခဲ့ပါတယ်။

တလကြာအောင် လေ့ကျင့်နေပြီးနောက် မြင့်မားတဲ့ ဆုလဒ်တွေ လက်ခံရရှိခဲ့မှာကို ယန်ချီတစ်ယောက် မတွေးမိခဲ့ပါဘူး။

အချိန်အတော်ကြာပြီးနောက် ယန်ချီက သတိပြန်ဝင်လာခဲ့ပါတယ်။ သူက နောက်ကျောရှိ ဓါးအိမ်ထဲကို အထီးကျန်ကပ်ဘေး ရှစ်ခုဓါး ပြန်ထည့်လိုက်ပါတယ်။ ဒီနေ့ကနေ ထွက်လာပြီးနောက် ယန်ချီက စစ်တပ်ဝန်းအလယ်မှာ ရှိတဲ့ ခန်းမဆီကို ပြန်လာခဲ့ပါတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now