Ch 186 to 190

296 30 0
                                    


Chapter 186 - စုရွှင်းအာရဲ့ အသံ

ယန်ချီက နတ်ဆိုးသတ်ဖြတ်သူဓါးနဲ့ အန္တိမခန္ဓာကိုယ်ဆိုတာ ဘာမှန်း မသိပေမယ့် ဒီအချက်အလက်တွေကြော်င့် သူ အံံအားသင့်နေခဲ့ပါတယ်။

သူ့ရဲ့ လက်ရှိ ဓါးဆွဲထုတ်မှတ်က သန်း ၂၀၀ ရှိတာကြောင့် အထူးဓါးဆွဲထုတ်ခြင်း အဆတစ်သိန်းကို အဆနှစ်သိန်းအဖြစ် အဆင့်မြင့်တင်နိုင်ပါတယ်။

အခုဆိုရင် သူက အရူးအမူး အဆင့်ချိုးဖြတ်ချင်တာကြောင့် အထူးဓါးဆွဲထုတ်ခြင်း နည်းစနစ်က သူ့ရဲ့ အရေးတကြီး လိုအပ်ချက်ကို ဖြေရှင်းပေးခဲ့ပါတယ်။

တွန့်ဆုတ်ခြင်းမရှိပဲ သူက အဆင့်မြင့်တင်ဖို့ ရွေးချယ်လိုက်ပါတယ်။

“ဒင် ဓါးဆွဲထုတ်မှတ် သန်း ၂၀၀ကို သုံးပြီး အထူးဓါးဆွဲထုတ်ခြင်းကို အဆင့်မြင့်တင်မှာလား”

“အဆင့် မြင့်တင်မယ်”

“အဆင့် မြင့်တင်ခြင်းအောင်မြင်ပါပြီ”

စနစ်ရဲ့ အသံဆုံးသွားပြီးနောက် အထူးဓါးဆွဲထုတ်ခြင်းနည်းစနစ် အဆတစ်သိန်းကနေ အဆနှစ်သိန်းအဖြစ် အဆင့်မြင့်တင်သွားခဲ့ပါတယ်။

ယန်ချီက သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားကို တွက်ချက်နေခဲ့ပါတယ်။

သူက အလယ်အလတ် ရှေးဦးဆရာအဆင့်ဖြစ်တဲ့အတွက်  အခြေခံတိုက်ခိုက်ရေးစွမ်းအားက ဂျင် ၁၂ သန်းရှိပြီး ဖန်ရွှေခန္ဓာကိုယ် ပြီးပြည့်စုံခြင်းအဆင့်က ဂျင် ဆယ်သန်း ရှိကာ အထီးကျန်ကပ်ဘေး ရှစ်ခုဓါးက ဂျင်ခြောက်သန်း ရှိပါတယ်။

စုစုပေါင်း တိုက်ခိုက်ရေးစွမ်းအား ဂျင် ၂၈ သန်း ဖြစ်ပါတယ်။

မူလဘိုးဘေးဆရာတစ်ဦးရဲ့ အခြေခံတိုက်ခိုက်ရေးစွမ်းအားက ဂျင် သန်း ၃၀ ၊ အလယ်အလတ်ဘိုးဘေးဆရာအဆင့်ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ဂျင် သန်း ၄၀ နဲ့ အဆင့်မြင့် ဘိုးဘေးဆရာအဆင့်ရဲ့ တိုက်ခိုက်ရေးစွမ်းအာက ဂျင် သန်း ၆၀ ရှိပါတယ်။

အခြားစကားနဲ့ ပြောရမယ်ဆိုရင် သူ့ရဲလက်ရှိတိုက်ခိုက်ရေးစွမ်းအားက ကြောက်မက်ဖွယ်အခြေအနေကို ရောက်ရှိနေပါပြီ။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now