Ch 191 to 195

276 37 0
                                    


Chapter 191 - ကြောက်မက်ဖွယ် တိုက်ခိုက်မှု

“ဒီလောက် အစွမ်းထက်တဲ့သူက ဘယ်သူလဲ”

“ဟုတ်တယ် သူ့ဓါးကလည်း ငါမြင်သမျှ လက်နက်တွေထဲမှာ ကြောက်စရာ အကောင်းဆုံးပဲ။ သူက လက်နက် ဒုတိယအဆင့်ကို ရောက်နေပြီလို့ငါထင်တယ်”

“ဒီလို အစွမ်းထက်တဲ့က အန္တရယ်နဲ့ ကြုံရတော့မယ်ဆိုတော့ သနားစရာ ကောင်းတယ်။ စစ်သူကြီး တျန်ဟီယွမ်က သူ့ကို အလွတ်ပေးမှာ မဟုတ်ဘူး”

ယန်ချီတစ်ယောက် တျန်ယွင်ကို သတ်လိုက်တဲ့ ဗီဒီယိုအောက်မှာ အံ့အားသင့်နေတဲ့ မှတ်ချက်တွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

အင်ပါယာမြို့တော်က ပြည်သူတွေအနေနဲ့ ယန်ချီတစ်ယောက် အသက်ရှင်ဖို့ အခွင့်အရေး မရှိဘူးဆိုတာ သိကြပါတယ်။

မီဒီယာတွေကနေတဆင့် ဒီသတင်းက အုပ်အော်သောင်းနင်း ဖြစ်သွားခဲ့ပါတယ်။

အင်ပါယာကျောင်တော်ရဲ့ ရင်ပြင်ထက်က အခြေအနေကတော့ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့ပါတယ်။ လူတိုင်းရဲ့ ခန္ဓာကိုယ်က မရပ်အောင်ကို တုန်ခါနေခဲ့ပြီး တိုက်ရိုက်ထုတ်လွှင့်မှုတွေကလည်း စတင်နေပါပြီ။

တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်နေတဲ့လူ အရေအတွက်ကလည်း သန်း ၈၀ ထိ ရှိနေပါပြီ။

ရင်ပြင်ထက်က လူတွေဖြစ်ဖြစ် တီဗီဒါမှမဟုတ် မိုဘိုင်းလ်ဖုန်းအရှေ့ လူတွေ ဖြစ်ဖြစ် ကျော်ကြားလှတဲ့ စစ်သူကြီး တျန်ဟီယွမ် ရောက်လာတော့မယ်ဆိုတာ သိကြပါတယ်။

တျန်ဟီယွမ်ရောက်လာတာနဲ့ ယန်ချီရဲ့ အသက်ရှင်ဖို့ မဖြစ်နိုင်တော့ပဲ ဒီလောကနေ ပျောက်ကွယ်သွားတော့မှာ ဖြစ်ပါတယ်။

“စစ်သူကြီး တျန်ဟီယွမ် ရောက်လာပြီ”

အင်ပါယာကျောင်းတော်ရဲ့ ဌာနမှူးက တံတွေးကို မြိုချလိုက်ပြီး ပြောလိုက်ပါတယ်။

အင်ပါယာကျောင်းတော်ရဲ့ဌာနမှူးရဲ့ စကားသံဆုံးသွားတာနဲ့ ချီစွမ်းအင်ကနေ ဖန်တီးထားတဲ့ ကြီးမားလှသော သံသွေးလက်ကြီးက ယန်ချီဆီကို အလွန်တရာ လျင်မြန်မှုနဲ့ ရောက်လာခဲ့ပါတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now