Ch 196 to 200

303 30 0
                                    

Chapter 196 - တျန်ဟီယွမ်ကို သတ်ဖြတ်ခြင်း

“ရွှီး .. . ”

ယန်ချီက အထီးကျန်ကပ်ဘေးရှစ်ခုဓါးကို ကိုင်ပြီး တျန်ဟီယွမ်ဆီကို ရေပြင်ညီအတိုင်း ပိုင်းဖြတ်လိုက်ပါတယ်။

စစ်သူကြီး တျန်ဟီယွမ်က ယန်ချီသူ့ဆီကို ပြေးဝင်လာတာကို မြင်တော့ သတိထားနေခဲ့ပြီး ယန်ချီပိုင်းဖြတ်လိုက်တဲ့ ဒီကြောက်မက်ဖွယ်ကောင်းတဲ့ ဓါးပိုင်းချက်ကို ဖျတ်ခနဲ ရှောင်တိမ်းလိုက်ပါတယ်။

တျန်ဟီယွမ်က ယန်ချီဆီကနေ ဆယ်မီတာအကွာကို ချက်ချင်း ပြန်ဆုတ်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ပါတယ်။

“နတ်ဘုရားလက်သီး”

ကြောက်မက်ဖွယ်ကောင်းတဲ့ လက်သီးအရိပ်ကြီးတစ်ခုက ကောင်းကင်ပြင်မှာ ဝိုးတဝါးပေါ်လာခဲ့ပြီး မြင်ရတဲ့သူတွေကို ကြောက်ရွံ့စေခဲ့ပါတယ်။

“ကောင်းကင်ဓါးရဲ့ တစ္ဆေဆယ့်သုံးကောင် ဓါးကွက်”

အထီးကျန်ကပ်ဘေးရှစ်ခုဓါး၊ သာလွန်ကောင်းကင်အဆင့် ဓါးနည်းစနစ်နဲ့ ကောင်းကင်ဓါးရဲ့တစ္ဆေဆယ့်သုံးကောင်ဓါးကွက်.

ကြောက်မက်ဖွယ်ကောင်းတဲ့ ဓါးအလင်းဆယ့်သုံးခုက ရောယှက်နေခဲ့ပြီး ဓါးအလင်းတစ်ခုအဖြစ် ပေါင်းစည်းသွားခြင်းကြောင့် ကောင်းကင်ပြင်ကို တုန်လှုပ်သွားစေခဲ့ပါတယ်။

“ဘုန်း”

ကောင်းကင်ဓါးရဲ့ တစ္ဆေဆယ့်သုံးကောင်ဓါးကွက်က ဝါးတစ်လုံးကို ချိုးဖြတ်လိုက်သလို ကြောက်မက်ဖွယ်ကောင်းတဲ့ လက်သီးအရိပ်ကို ချက်ချင်း ချိုးဖြတ်နိုင်ခဲ့ပါတယ်။

ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ခိုက်မှုကိုမြင်တော့ တျန်ဟီယွမ်ရဲ့ မျက်လုံးအစုံက ကျုံ့သွားခဲ့ပါတယ်။ ယန်ချီက ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ ဓါးကွက်ကို ထုတ်နိုင်လိမ့်မယ်လို့ သူ လုံးဝကို မမျှော်လင့်ထားမိပါဘူး။

ရင်ပြင်ထက်က လူတွေက အလွန်တရာ ထိတ်လန့်သွားကြတာကြောင့် နောက်ကို လျင်မြန်စွာ ဆုတ်လိုက်ကြပါတယ်။ သူတို့တွေက ဒီလောကမှာ ကြောက်စရာ အကောင်းဆုံး မြင်ကွင်းကို မြင်လိုက်ရသလို ခံစားလိုက်ရပါတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now