Ch 201 to 205

297 31 0
                                    


Chapter 201- ပြုပြင်ပြောင်းလဲမှု

ယန်ချီက ဓါးနဲ့အတူ ရပ်နေခဲ့တယ်။

သူ့ဆံပင်တွေက လေတိုက်ခတ်ခြင်းမရှိပဲ လူးလွန့်နေပုံက ဆန်းကြယ်လွန်းပါတယ်။

သူ့ခန္ဓာကိုယ်က နတ်ဆိုးမိစ္ဆာလောက် မမြင့်ပေမယ့်လည်း သောင်းချီတဲ့ နတ်ဆိုးမိစ္ဆာတွေကို တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေပုံကို မြင်တွေ့စေခဲ့တယ်။

ဒီလို အခြေအနေမျိုးမှာ. . .”

“လွှမ်းမိုးနိုင်စွမ်း လူနဲ့ ဓါးတစ်သားတည်းအဆင့်”

အလယ်အလတ်နတ်ဆိုးအရှင်က ယန်ချီကို အထင်သေးစွာ ကြည့်လိုက်တယ်။ သူက ယန်ချီကို လူသားတွေကြားထဲမှာ အစွမ်းထက်တဲ့ သိုင်းပညာရှင်တစ်ယောက်မှန်း သိနေခဲ့တယ်။

ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် ယန်ချီက အသက်ရှင်ဖို့ မဖြစ်နိုင်ဘူးလို့ တွေးမိလိုက်တယ်။

“ပြီးခဲ့တဲ့ တစ်ကြိမ်တုန်းက ငါ ဒီနေရာကို ရောက်လာသေးတယ်။ ဒီမြို့မှာ ရှိတဲ့ နတ်ဆိုးမိစ္ဆာတွေကို ငါက သေသင့်တယ်ထင်လို့ ငါသတ်လိုက်တာ. . . ”

ယန်ချီက အလယ်အလတ်နတ်ဆိုးအရှင်ကိုကြည့်ပြီး ဖြေးညှင်းစွာ ပြောဆိုလိုက်တယ်။

“ဘာ. . ”

အလယ်အလတ်နတ်ဆိုးအရှင်က အံ့အားသင့်သွားခဲ့တယ်။

အလယ်အလတ်နတ်ဆိုးအရှင်သာမက နတ်ဆိုးမိစ္ဆာ တစ်သောင်းကျော်ကလည်း ထိတ်လန့်သွားခဲ့ကြပါပြီ။

လင်မြို့က နတ်ဆိုးမိစ္ဆာတွေက အစွမ်းထက်တဲ့ လူသားသိုင်းပညာရှင်ကြောင့် သေဆုံးခဲ့တာဆိုတော့ သူတို့တွေ ဒီမြို့ကို ရောက်လာခဲ့တာပါ။

ဒါပေမယ့် အခုတော့ သူတို့အရှေ့က အလွန်ဆုံး အသက်နှစ်ဆယ်လောက် ရှိတဲ့ လူငယ်လေးက လင်မြို့က နတ်ဆိုးမိစ္ဆာတွေကို သတ်လိုက်တယ်လို့ ပြောဆိုနေခဲ့တယ်။

စက္ကန့်အနည်းငယ် အကြာမှာတော့ အလယ်အလတ်နတ်ဆိုးအရှင်က သတိပြန်ဝင်လာခဲ့ပြီး ယန်ချီကို စူးစိုက်ကြည့်လိုက်တယ်။

“သူတို့တွေက အလွန်သနားစရာ ကောင်းခဲ့တယ်။ ငါက သူတို့တွေကို အမှိုက်တွေအလား ရှင်းထုတ်ခဲ့တယ်လေ”

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now