Ch 211 to 215

311 29 0
                                    


Chapter 211 - အနောက်ဘက်တောင်တန်းကနေ ပြန်လာခြင်း

ရာချီတဲ့ နတ်ဆိုးမိစ္ဆာတွေ သေဆုံးသွားပြီးနောက်. . . ။

ဒီမြင်ကွင်းကို ကြည့်ပြီး စစ်သတင်းထောင်ငါးဦးသာမက တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေတဲ့ပရိတ်သတ်တွေအားလုံ း ပါးစပ်အဟောင်းသားနဲ့ ပြောစရာ စကား မဲ့နေခဲ့ပါတယ်။

အချိန်အတော်ကြာတော့ နောက်ဆုံးမှာ စစ်သတင်းထောက်ငါးဦးက သတိပြန်ဝင်လာခဲ့ပါတယ်။ ယန်ချီက သူတို့တွေကို ဦးဆောင်ပြီး နတ်ဆိုးမိစ္ဆာတွေကို ဆက်လက်ရှာဖွေနေခဲ့ပါတယ်။

ရှီရှန်း နတ်ဆိုးနယ်မြေက သိပ်မကြီးပါဘူး။

ရာချီတဲ့ နတ်ဆိုးမိစ္ဆာသေဆုံးသွားတာကို တော်အုပ်ထဲမှာ ရှိတဲ့ နတ်ဆိုးမိစ္ဆာတွေ သိကြပါတယ်။ သူတို့တွေက တစ်ကောင်ပြီးတစ်ကောင် ထွက်လာကြပြီး ယန်ချီနဲ့ စစ်သတင်းထောက်ငါးယောက်ကိုဝိုင်းလိုက်ကြပါတယ်။

ဒီတစ်ကြိမ်မှာတော့ နတ်ဆိုးမိစ္ဆာတွေက ထောင်နဲ့ ချီများပြားလာပြီး ရှီရှန်းနတ်ဆိုးနယ်မြေက နတ်ဆိုးမိစ္ဆာအားလုံး ရောက်လာခဲ့ပါတယ်။

နတ်ဆိုးမိစ္ဆာတွေက ယန်ချီနဲ့ စစ်သတင်းထောက်ငါးဦးကို အထင်သေးစွာ ကြည့်နေတုန်းဖြစ်ပါတယ်။

“လူသားတွေ ဒီနေရာက မင်းတို့ လာရမယ် နေရာ မဟုတ်ဘူး”

အလယ်အလတ်နတ်ဆိုးအရှင်သခင်က ပြောလိုက်ပါတယ်။
အလယ်အလတ်နတ်ဆိုးအရှင်သခင်ရဲ့ ပတ်လည်မှာ ဆိုးညစ်တဲ့ နတ်ဆိုးအရှိန်အဝါတွေ ထုတ်လွှင့်နေပြီး စစ်သတင်းထောင်ငါးဦးက ဒီဖိအားကို ခံစားမိတော့ မျက်နှာက ဖြူလျော့သွားခဲ့ပါတယ်။

“ငါ ဒီကို လာတာ မင်းတို့အားလုံးကိ ုရှင်းလင်းမလို့ပဲ”

ယန်ချီက အလယ်အလတ်နတ်ဆိုးအရှင်သခင်ကို ပြောလိုက်ပါတယ်။

အလယ်အလတ်နတ်ဆိုးအရှင်သခင်ဆိုတာ လူသား အလယ်အလတ်ဆရာသခင်အဆင့်နဲ့ ညီမျှတဲ့တိုက်ခိုက်ရေးစွမ်းအား ရှိပါတယ်။ ဒါပေမယ့် ယန်ချီရဲ့ အမြင်အရတော့ ဒီကောင်တွေက တကယ်ကို အားနည်းပြီး သနားစရာ ကောင်းပါတယ်။ သူက ဒီအလတ်အလတ်နတ်ဆိုးအရှင်သခင်ကို မျက်လုံးထဲတောင် ထည့်မနေပါဘူး။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now