Ch 226 to 230

264 30 0
                                    


Chapter 226 - မင်းက အဆင့်မြင့်သိုင်းဆရာ အဆင့်လား

“မင်း . .. က အရှေ့တောင် မြို့တော်အရှင်ရဲ့ သမီးပေါ့”

ဓါးမြခေါင်းဆောင်က ဖွန်လီကို ကြောက်လန့်စွာ ကြည့်ပြီး မေးလိုက်တယ်။

အရှေ့တောင်မြို့တော်အရှင်က အရှေ့တောင်အခြေစိုက်စခန်းမှာ အစွမ်းအထက်ဆုံး သိုင်းပညာရှင် တစ်ယောက်ဖြစ်ပြီး အရှေ့တောင်အခြေစိုက်စခန်းက စစ်တပ်နဲ့ သိုင်းပညာရှင် တပ်ဖွဲ့တွေရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။

ဒီလို သာလွန်တဲ့ တည်ရှိမှုမျိုးဆိုတာက သူတို့တွေ ပြစ်မှားမိဖို့ မပြောနဲ့ မောတောင် မကြည့်ဝံ့ပါဘူး။

ဒါပေမယ့် အခုတော့ သူတို့တွေက အရှေ့တောင်မြို့တော်အရှင်ရဲ့ သမီးကို ပြစ်မှားမိနေခဲ့ပြီ။

ဒီတစ်ကြိမ်တော့ သူတို့တွေက သံပြားကို ကန်မိနေခဲ့ပြီ။

ယန်ချီလည်း ဖွန်လီကို အရှေ့တောင်မြို့တော်အရှင်ဖွန်ချန်ရဲ့ သမီးလို့ မမျှော်လင့်ခဲ့မိပါဘူး။ သူက ခေါင်းခါလိုက်ပြီး တိတ်တဆိတ်ပြုံးလိုက်တယ်။ သူ့အနေနဲ့ အရှေ့တောင်အခြေစိုက်စခန်းသို့ လာတဲ့ခရီးမှာ အရှေ့တောင်မြို့တော် အရှင့်သမီးနဲ့ တွေ့လိမ့်မယ်လို့ မမျှော်လင့်ခဲ့မိပါဘူး။

ဓါးမြခေါင်းဆောင်နဲ့ ဓါးမြတွေက အထိတ်တလန့်ဖြစ်သွားတာကို မြင်တော့ ဖွန်လီက သက်သာရာ ရပြီး သက်ပြင်းကို တိတ်တဆိတ်ချလိုက်တယ်။ သူမရဲ့ ဝုန်းဒိုင်းကျဲနေတဲ့ စိတ်လည်း ပြန်လည်တည်ငြိမ်သွားခဲ့တယ်။

“ခေါင်းဆောင်”

ရုတ်တရက် မျောက်မျက်နှာနဲ့ ဓါးမြတစ်ယောက်က ဓါးမြခေါင်းဆောင်အနားကိုကပ်ပြီး တီးတိုးပြောလိုက်တယ်။

“ဒီမိန်းကလေးက စစ်သူကြီး ဖွန်ချန်ရဲ့ သမီးပဲ။ ငါတို့တွေ သူမကို လွှတ်ပေးလိုက်ရင် သူမက စစ်သူကြီး ဖွန်ချန်ကို ဒီအကြောင်းသေချာပေါက် ပြောမှာ”

“အဲ့ဒီအခါကျရင် စစ်သူကြီး ဖွန်ချန်က တစ်ယောက်ယောက်ကို ဒီကို လွှတ်လိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ငါတို့တွေ ဘဝပျက်ပြီ။ ငါတို့တွေ ဘာမှ လုပ်လို့ မရတော့ဘူး။ ငါတို့တွေက သူတို့အားလုံးကို သတ်လိုက်ရင် သူတို့အတွက် ဘာသဲလွန်စမှာ ရှိမှာမဟုတ်ဘူး။ ဘယ်သူမှလည်း ငါတို့ လုပ်တယ်လို့ သိမှာ မဟုတ်ဘူး”

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now