Ch 236 to 240

281 26 0
                                    


Chapter 236 - ထိုးဖောက်ဝင်ရောက်လာသူ

စွန့်ပစ်ခံမြို့လေးမှာ နတ်ဆိုးမိစ္ဆာတစ်သိန်းက လူသားတစ်ယောက်ကြောင့် အသတ်ခံခဲ့ရတယ်။

အခြားသူတွေက ဒီမြင်ကွင်းကို မြင်လိုက်မယ်ဆိုရင် သူတို့တသက်လုံးမေ့တော့မှာ မဟုတ်ပါဘူး။

ယန်ချီက မြေပြင်ပေါ်မှာ လဲပြိုနေတဲ့ နတ်ဆိုးမိစ္ဆာအလောင်းတွေကို ကြည့်ပြီး လက်ထဲက နတ်ဆိုးပိုင်းဖြတ်သူဓါးကို နောက်ကျောရှိဓါးအိမ်ထဲ ပြန်ထည့်လိုက်တယ်။ အဲ့ဒီနောက်တော့ ဖြေးညှင်းစွာ ပြန်ထွက်သွားခဲ့တယ်။

သူက မူလနတ်ဆိုးအရှင်လေး သုံးကောင်ကို သတ်ခဲ့ပေမယ့် အဲ့ဒါက မလုံလောက်သေးမှန်း သူ သိပါတယ်။

သိပ်မကြာခင်မှာပဲ သူက ဟန်ချန်မြို့ဆီကို ပြန်ရောက်လာခဲ့တယ်။

“အင်ပါယာ ယန်ချီ အခြေအနေ ဘယ်လိုလဲ”

ရှောင်ရှန်းက ယန်ချီကို လေးစားစွာနဲ့ မေးလိုက်တယ်။

“ဟန်ချန်မြို့ပြင်က နတ်ဆိုးမိစ္ဆာတွေကိုတော့ ငါအကုန် သတ်ပစ်လိုက်ပြီ”

ယန်ချီက ဖြေးညှင်းစွာ ပြောလိုက်တယ်။

ရှောင်ရှန်းနဲ့ ဆရာသခင်များစွာက ဒီသတင်းကို ကြားတဲ့အခါ အလွန်တရာ ပျော်ရွှင်သွားကြတယ်။ ယန်ချီက ဒီလောက်များပြားတဲ့ နတ်ဆိုးမိစ္ဆာတွေကို သတ်ဖြတ်ခဲ့ခြင်းအပေါ်ကိုတော့ သူတို့ မအံ့သြခဲ့ဘူး။

ဘာကြောင့်လဲဆိုတော့ သူတို့အရှေ့မှာ ရပ်နေတဲ့ သူက နဂါးတိုင်းပြည်မှာ အစွမ်းအထက်ဆုံးသိုင်းပညာရှင်ဖြစ်တဲ့ အင်ပါယာ ယန်ချီ ဖြစ်နေတာကြောင့် ဖြစ်ပါတယ်။

“အရှင်ရှောင်ရှန်း ”

ရုတ်တရက် ထိတ်လန့်သံတစ်ခု ထွက်ပေါ်လာခဲ့တယ်။

ရှောင်ရှန်းနဲ့ ဆရာသခင်များစွာက အသံထွက်ပေါ်ရာကို ကြည့်လိုက်တော့ သိုင်းပညာရှင်တစ်ယောက် အဆောတလျင် ပြေးလာတာကို မြင်လိုက်ရပါတယ်။

အဲ့ဒီသိုင်းပညာရှင်ရဲ့ မျက်နှာထက်မှာတော့ အလွန်တရာ ထိတ်လန့်မှုတွေ ပေါ်လွင့်နေခဲ့တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now