Ch 256 to 260

275 28 0
                                    


Chapter 256 - လက်ရည်စမ်းခြင်း ၁

စားသောက်ဆိုင်ထဲက လူတိုင်း ယန်ချီကို ကြည့်ပြီး အလွန်တရာ ကြောက်ရွံ့ဖွယ်ခံစားချက်ကို ပေးစွမ်းပေမယ့် တိတ်တဆိတ် သက်ပြင်းချလိုက်မိတယ်။

ဒါပေမယ့် ယန်ချီက ဘိုးဘေးဆရာအဆင့် တစ်ယောက်ကို ပြစ်မှားခဲ့တာကြောင့် သေခြင်းတရားကို ရှာဖွေနေတာက သံသယ ဝင်စရာ မလိုပါဘူး။

“ဟုတ်တယ်လေ။ ဆရာသခင်အဆင့်ကိုတောင် မပြစ်မှားသင့်မှာတော့ ဘိုးဘေးဆရာအဆင့်ဆိုရင် တော့. . . .။

ဒါပေမယ့်လည်း ယန်ချီရဲ့ မျက်နှာကတော့ ဘာမှ မဖြစ်ခဲ့သလို အလွန်တည်ငြိမ်နေခဲ့တာကိုတော့ မမျှော်လင့်မိပါဘူး။

ယန်ချီကတော့ ခဏလောက် စဉ်းစားနေခဲ့ပုံရနေတယ်။

သူက ကောင်းကင်ဘုံ ကြယ်အင်ပါယာ ရှဂျူယောင်ကို ကြည့်လိုက်ပြီး ပေါ့ပါးစွာ ပြောလိုက်တယ်။

“မင်းက အလယ်အလတ် ဘိုးဘေးဆရာအဆင့်ပဲ။ ငါကတော့ မင်း ငါ့ကို စကားပြောဖို့ အဆင့်မမှီဘူးထင်တယ်”

ယန်ချီက အံ့အားသင့်သလို ပြောလိုက်တယ်။

မျှော်လင့်ထားတဲ့အတိုင်း ယန်ချီက ဒီလို စကားကို ပြောလိုက်တော့ စားသောက်ဆိုင်ထဲက လူတိုင်း ကြောက်အမ်းသွားကြပြီး အံ့သြမှင်သက်နေခဲ့တယ်။

သူတို့တွေ တကယ်ကို ထိတ်လန့်သွားကြတာ ဖြစ်သွားတယ်။

“အလယ်အလတ်ဘိုးဘေးဆရာအဆင့်က စကားပြောဖို့အတွက် အဆင့် မမှီဘူးလား”

ချက်ချင်းပဲ စားသောက်ဆိုင်ထဲက လူတွေအားလုံး ဒီအဖြစ်အပျက်ကို အိမ်မက်တစ်ခုလို ထင်နေတာကြောင့် အိမ်မက်ကနေ နိုးဖို့အတွက် ကိုယ့်ပါးကိုယ် ရိုက်လိုက်ကြတယ်။

ဒီအဖြစ်အပျက်က အိမ်မက်မဟုတ်ရင် တခါမှ မဖြစ်ပျက်ဖူးတဲ့ မြင်ကွင်းတစ်ခုလည်း ဖြစ်ခဲ့တယ်။

ဒါပေမယ့်လည်း ကောင်းကင်ဘုံကြယ်အင်ပါယာက ဒေါသထွက်ရမယ့်အစား ရယ်မောနေခဲ့တယ်။

သူက ယန်ချီကို အလွန်ထူးချွန်တဲ့ပါရမီရှင်တစ်ယောက်မှန်း သိပါတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now