Ch 266 to 270

256 28 0
                                    


Chapter 266 - ပင်လယ်သားရဲဘုရင်

အရှင်သခင်ကြီးသုံးဦးလည်း တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး နောက်ကနေ လိုက်သွားကြတယ်။

လောကကာကွယ်ရေးမြို့တော်. . .။

ယန်ချီနဲ့ အရှင်သခင်ကြီးသုံးဦးက လောကခန်းမထဲကနေ ထွက်လာပြီး လောကကာကွယ်ရေးမြို့တော်ကို ရောက်လာခဲ့ကြတယ်။

လောကကာကွယ်ရေးမြို့တော်ရဲ့ တံတိုင်းက ဒီလောက်မှာ အထူးချွန်ဆုံး တပ်ဖွဲ့တွေ စောင့်ကြပ်နေကြပြီး မီတာ တစ်ထောင်လောက်မြင့်မားကာ သတ်ဖြတ်ချင်စိတ် အပြည့်ဖြစ်နေတဲ့ တပ်ဖွဲ့တွေနဲ့ ပြည့်နှက်နေပါတယ်။

လောက ကာကွယ်ရေးမြို့တော်တံတိုင်းရဲ့ အခြားတစ်ဖက်မှာတော့ နက်မှောင်နေတဲ့ ပင်လယ်ပြင်ကြီး ရှိနေတယ်။

ဒီပင်လယ်က နတ်ဘုရားသချိုင်းနတ်ဆိုးပင်လယ်ပဲ ဖြစ်ပါတယ်။

နတ်ဘုရားသချိုင်းနတ်ဆိုးပင်လယ်က ဘယ်လောက်ထိ ကြီးမားလဲဆိုတာ ဘယ်သူမှ မသိသလို ဒီပင်လယ်ထဲမှာ နတ်ဆိုးမိစ္ဆာဘယ်လောက်များများ ရှိလဲဆိုတာလဲ ဘယ်သူမှ မသိပါဘူး။

အခု မြို့ရိုးတံတိုင်းပေါ်က သိုင်းပညာရှင်တွေနဲ့ စစ်သည်တွေရဲ့ မျက်နှာမှာ အံ့အားသင့်တဲ့ အမူအယာတွေ ဖြစ်နေကြတယ်။

ဘာကြောင့်လဲဆိုတော့ အသက်နှစ်ဆယ်သာ ရှိသေးပုံရတဲ့ လူငယ်လေးတစ်ယောက်အနောက်ကို အရှင်သခင်ကြီးသုံးဦးက လိုက်ပါလာတာကို မြင်လိုက်ရတာကြောင့်ပါ။

ရုတ်တရက် သိုင်းပညာရှင်တွေနဲ့ စစ်သည်တွေက ယန်ချီရဲ့ အဆင့်အတန်းကို မှန်းဆမိလိုက်တယ်။

သူတို့တွေက တခဏကြာအောင် စဉ်းစားမိပြီးနောက် …။

သူတို့အားလုံးရဲ့ စိတ်ထဲမှာ အလွန်တရာထူးခြားတဲ့ အဆင့်အတန်းတစ်ခုကို အမှတ်ရလိုက်တယ်။

“မဟာ ဧကရာဇ် ယန်ချီ”

ဒီလောကမှာ မဟာဧကရာဇ် ယန်ချီသာ ဒီလိုမျိုး အရှင်သခင်ကြီးသုံးဦးကို နောက်က လိုက်စေနိုင်တဲ့ အစွမ်း ရှိနေတယ်။

သိုင်းပညာရှင်တွေနဲ့ စစ်သည်တော်တွေက မဟာ ဧကရာဇ် ယန်ချီ ကို ဒီလောက်ငယ်ရွယ်လိမ့်မယ်လို့ မထင်ထားမိတဲ့အတွက် တိတ်တဆိတ် အံ့အားသင့်နေခဲ့တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now