Ch 276 to 280

253 34 0
                                    


Chapter 276 - စျေးဦးပေါက်သွားတဲ့ ပင်လယ်သားရဲဘုရင်

“ပင်လယ်သားရဲတွေလား”

“နတ်ဆိုးမိစ္ဆာတွေကိုရော မတွေ့ဘူးလား”

“မတွေ့ပါဘူး”

ယန်ချီက ဒီတစ်ကြိမ်တိုက်ခိုက်တဲ့သူတွေက ပင်လယ်သားရဲဆိုတာ သိလိုက်တော့ အဆင်ပြေတယ်လို့ တွေးနေခဲ့တယ်။

သူက အရှေ့ကို တက်သွားခဲ့တယ်။

ကြယ်ပျံအရှင်သခင်ကြီးကတော့ စစ်သည်တွေကို တိုက်ပွဲဝင်ဖို့ အသင့်ပြင်ခိုင်းလိုက်တယ်။

သိုင်းပညာရှင်တွေနဲ့ စစ်သားတွေက အသင့်ပြင်ဖို့ ထွက်သွားကြပါပြီ။

တံတိုင်းပေါ်မှာတော့ များပြားလှတဲ့ အမြောက်ကြီးတွေနဲ့ ကျောက်တုံးကြီးတွေက အသင့်ဖြစ်နေပါပြီ။

သူတို့တွေက ပင်လယ်သားရဲ လာရောက်တိုက်ခိုက်မှာကို စောင့်ဆိုင်းနေခဲ့ကြတယ်။

နောက်နာရီဝက်အကြာမှာတော့  .. . ။

ပင်လယ်ရေမျက်နှာပြင်က ရုတ်တရက် မြင့်တက်လာခဲ့တယ်။

မရေမတွက်နိုင်တဲ့ ပင်လယ်သားရဲတွေက ယန်ချီရဲ့ အရှေ့မှာ ပေါ်လာခဲ့တယ်။

ပင်လယ်သားရဲတွေရဲ့ တကိုယ်လုံးက မဲနက်နေခဲ့တယ်။

ဒီလို အနက်ရောင်အစုလိုက်ကြီးက တိမ်စိုင်မဲတွေလို ဖြစ်နေခဲ့တယ်။

နတ်ဆိုးမိစ္ဆာတွေ ပေါ်လာပြီးနောက် သူတို့နဲ့အတူ နတ်ဆိုးအရှိန်အဝါတွေ လွင့်ပျံလာခဲ့တယ်။

ပင်လယ်သားရဲတွေက အစောပိုင်းမှာ ပင်လယ်သတ္တဝါတွေပါ။ နတ်ဆိုးမိစ္ဆာများစွာက နတ်ဘုရားသချိုင်းနတ်ဆိုးပင်လယ်ကို သိမ်းပိုက်လိုက်တာကြောင့် ပင်လယ်သားရဲတွေက ဗီဇပြောင်းသွားကြတာပါ။

ကံကောင်းထောက်မစွာနဲ့ ပင်လယ်သားရဲတွေရဲ့ခန္ဓာကိုယ်က ကြီးမားပေမယ့်လည်း သူတို့ရဲ့ အစွမ်းက သိပ်မကောင်းပါဘူး။ အဲ့ဒီလိုမှမဟုတ်ရင် လောက ကာကွယ်ရေးတံတိုင်းက ပင်လယ်သားရဲတွေနဲ့ နတ်ဆိုးမိစ္ဆာတွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ကျိုးပျက်သွားနိုင်တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now