Ch 286 to 290

231 27 4
                                    


Chapter 286 - နတ်ဘုရားသချိုင်းနတ်ဆိုးပင်လယ်အရှင် ကျရှုံးခြင်း

“ဟူး. . ”

ယန်ချီရဲ့ ခန္ဓာကိုယ်မှာ ရစ်ပတ်နေတဲ့ အစစ်အမှန် နဂါးဆယ်ကောင်ရဲ့ စွမ်းအားကို မြင်လိုက်တော့ တံတိုင်းထက်မှာ ရှိနေကြတဲ့ စစ်သည်တွေက တစ်ယောက်ပြီး တစ်ယောက် သက်ပြင်းကိုယ်စီ ချမိလိုက်တယ်။

ဒါ့အပြင် ယန်ချီရဲ့ ခန္ဓာကိုယ်မှာ အစစ်အမှန်နဂါးရဲ့ စွမ်းအားတွေသာ ရစ်ပတ်နေရုံမက အဆင့်မြင့် ဝိဉာဉ်ဘုရင်ရဲ့ စွမ်းအားတွေလည်းရှိနေပါတယ်။

သူတို့တွေ ရေတွက်ကြည့်လိုက်တဲ့အခါ အစစ်အမှန်နဂါးဆယ့်သုံးကောင်နဲ့ အန္တိမခန္ဓာကိုယ်ကို ကိုယ်စားပြုတဲ့ နဂါးနက်ဆယ်ကောင်ကိုပါ တွေ့လိုက်ရတယ်။

ဒါကို မြင်တော့ သိုင်းပညာရှင်တွေနဲ့ စစ်သည်တွေရဲ့ မျက်လုံးတွေ ပြူးကျယ်နေခဲ့ပြီး သူတို့ရဲ့ ပါးစပ်တွေတောင် တော်တော်နဲ့ မစိနိုင်ခဲ့ပါဘူး။ သူတို့တွေက တခါမှ မကြားဖူးတဲ့ မြင်ကွင်းတစ်ခုကို မြင်ခဲ့ရတာကြောင့်ပါ။

မီတာ ရာချီ အဝေးက ယန်ချီကို ကြည့်နေတဲ့ နတ်ဆိုးဧကရာဇ်လည်း ယန်ချီရဲ့ ခန္ဓာကိုယ်မှာ ရစ်ပတ်နေတဲ့ နဂါးတွေကို ကြည့်ပြီး မိုးကြိုးအပစ်ခံရလိုက်သလို ထိတ်လန့်သွားခဲ့တယ်။

“ဘယ်. .  ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

နတ်ဆိုးဧကရာဇ်က ကျယ်လောင်စွာ အော်ဟစ်မိလိုက်တယ်။

ယန်ချီမှာ အစစ်အမှန်နဂါးဆယ့်သုံးကောင်ရဲ့ စွမ်းအားကို ပိုင်ဆိုင်လိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မထင်ထားခဲ့မိပါဘူး။

ဒီမြင်ကွင်းကြောင့် နတ်ဆိုးမိစ္ဆာတွေနဲ့ ပင်လယ်သားရဲတွေလည်း ထိတ်လန့်သွားခဲ့ပါတယ်။

ဒီလို များပြားတဲ့ အစစ်အမှန်နဂါးရဲ့ စွမ်းအားအကြောင်းကို မြင်ဖူးဖို့ မပြောနဲ့ ကြားတောင် မကြားမိပါဘူး။

“လူသား ဟုတ် တယ် ဟုတ်တယ် ဟုတ်တယ် ငါ တောင်းပန်တယ်။ ငါအခု နတ်ဘုရားသချိုင်းနတ်ဆိုးပင်လယ် အတွင်းပိုင်းကို ပြန်တော့မယ်။ ငါ ဘယ်တော့မှာ အတွင်းပိုင်းပင်လယ်ကနေ ထွက်မလာတော့ဘူးလို့ ကျိန်ဆိုတယ်။ ငါကို သွားခွင့်ပြုပါ”

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now