Ch 291 to 295

229 26 0
                                    


Chapter 291 - ရှုမူ အဆင့်ချိုးဖြတ်ဖို့အတွက် ကူညီပေးခြင်း

ယန်ချီက စုခွန်ကို ခရမ်းရောင်ဝါးတောအုပ်က ဘယ်မှာလဲလို့ မေးလိုက်ပြီးနောက် ယန်ချီတစ်ယောက် ခရမ်းရောင် ဝါးတောဆီကို ထွက်လာခဲ့တယ်။

ခရမ်းရောင် ဝါးတောအုပ်. . .။

အဲ့ဒီတောအုပ်က လင်ဟိုင်အခြေစိုက်စခန်း ယွင်တောင်ကုန်းနားမှာ ရှိပါတယ်။

ယန်ချီက ခရမ်းရောင်ဝါးတောအုပ်အပြင်ဖက်ကို ရောက်တော့ သူ့အရှေ့မှာ ခရမ်းရောင်ဝါးပင်တွေက ပင်လယ်ကြီးအလား များပြားနေတာကို မြင်လိုက်ရတယ်။ လေတွေက တဖြူးဖြူး တိုက်ခတ်နေပြီး ဝါးပင်တွေ ယိမ်းနွဲ့နေပုံက ကြည့်ရတာ အလွန်တရာကို လှပနေခဲ့တယ်။

တောအုပ်ထဲမှာတော့ ချီစွမ်းအင်တွေက အလွန် သိပ်သည်းနေခဲ့တယ်။

ရှုမှုတစ်ယောက် ဘာကြောင့် ဒီနေရာမှာ အဆင့်ချိုးဖြတ်ချင်မှန်း သိသွားခဲ့တယ်။

ဒါပေမယ့်လည်း ရှုမူရဲ့ ကျင့်စဉ်အမြန်နှုန်းက တကယ့်ကို မြန်ဆန်ပါတယ်။ သူက လက်ရှိမှာ မူလ ရှေးဦးဆရာအဆင့်ကို ချိုးဖြတ်တော့မှာပါ။

အဆင့်မြင့် သိုင်းအရှင်သခင်တွေအတွက် မူလရှေးဦးဘိုးဘေးအဆင့်ကို ချိုးဖြတ်ဖို့ဆိုတာ ရာနှုန်းပြည့် အောင်မြင်ကြတာ မဟုတ်ပါဘူး။ ရှုမူအနေနဲ့ မသေချာခဲ့ရင် အဆင့်ချိုးဖြတ်တာမှာ ကျရှုံးသွားနိုင်တယ်။

ယန်ချီရဲ့ ချီစွမ်းအင်တွေက အလွန်တရာ ထူးခြားနေတဲ့အတွက် ခရမ်းရောင်ဝါးတောအုပ်ထဲက နေရာတိုင်းကို သိရှိခံစားနိုင်တယ်။

သိပ်တောင် ရှာစရာမလိုပဲ ရှုမူ ဘယ်မှာလဲဆိုတာကို သိလိုက်တယ်။

ချက်ချင်းပင် ယန်ချီတစ်ယောက် ဖျတ်ခနဲ့အတွင်း နေရာကနေ ပျောက်ကွယ်သွားခဲ့တယ်။

စက္ကန့်အနည်းငယ်အကြာတော့ ယန်ချီက ရှုမူကို မြင်လိုက်ပါတယ်။

ဒီအချိန်မှာတော့ ရှုမူက မြေပြင်မှာ တုပ္ပလင်ခွေထိုင်ပြီး မျက်လုံးကို တင်းကျပ်စွာ မှိတ်ထားပြီး သူ့ပတ်လည်မှာလည်း ဆန်းကြယ်တဲ့ ချီစွမ်းအင်တွေ ဝိုင်းရံနေခဲ့တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now