Chapter 316 - ကျွန်တော်က အဆင့် သုံး စိတ်ဝိဉာဉ်သခင်အဆင့်ပါပဉ္စမအကြီးအကဲရဲ့ စကားတွေကို ကြားပြီးနောက် မိသားစုခေါင်းဆောင်ယ န်ရှင်းဟီနဲ့ အကြီးအကဲတွေက အံ့အားသင့်သွားခဲ့တယ်။
ဒါ တကယ်ကို ဖြစ်နိုင်တာလား“”
“ဟားဟား ဒါက လုံးဝကို မဖြစ်နိုင်ဘူး”
မဟာအကြီးအကဲ ယန်ခွန်က အေးစက်စက် လှောင်ပြောလိုက်တယ်။
အကြီးအကဲတွေလည်း ဆက်ပြီး စကားမပြောကြတော့ပါဘူး။ ယန်ချီ ဒီနေရာကို ရောက်လာပြီးမှသာ သူ့ရဲ့ ကျင့်စဉ်အဆင့်ကို စစ်ဆေးကြမှာပါ။
တတိယ အကြီးအကဲကတော့ ယန်ချီရဲ့ အခန်းအရှေ့ကို ရောက်လာခဲ့တယ်။
“သား မင်း အထဲမှာလား”
ဓါးဆွဲထုတ်လေ့ကျင့်နေတဲ့ယန်ချီက ဓါးဆွဲထုတ်တာကို ရပ်တန့်လိုက်ပြီး တံခါးဆီကို လျှောက်လာပြီး ဖွင့်လိုက်တယ်။
“အဖေ ဘာများ ကိစ္စရှိလို့လဲ”
ယန်ချီရဲ့ မျက်နှာမှာတော့ နားမလည်နိုင်မှုတွေ ရှိနေခဲ့တယ်။
ယန်ခိုင်ကတော့ ပြုံးရွှင်စွာနဲ့ ပြောလိုက်တယ်။ “မင်း ယန်ယွင်ကို အနိုင်ယူလိုက်တဲ့အကြောင်းငါတို့ သိပြီးပြီ။ ပြီးတော့ မင်းက လူသားအဆင့် အလယ်အလတ် စိတ်ဝိဉာဉ်လက်နက် မိုးမခဓါးကို နိုးထစေနိုင်တာကိုရောပေါ့။ မိသားစုခေါင်းဆောင်က မင်းကို ခန်းမထဲ လာပြီး စစ်ဆေးဖို့ ငါကို တောင်းဆိုနေတယ်”
ယန်ချီက ဒီစကားတွေကို ကြားတဲ့အခါ အပြင်ကို ထွက်လာခဲ့တယ်။
သူ မငြင်းဆန်တော့ပါဘူး။
အခုအချိန်မှာ သူ့အနေနဲ့ ငြင်းဆန်လို့ မရဘူးဆိုတာ သိပါတယ်။
ဘာပဲဖြစ်ဖြစ်သူက အဆင့် သုံး စိတ်ဝိဉာဉ်သခင်အဆင့် ရောက်နေပြီလေ။
ချက်ချင်းပင် ယန်ချီက ယန်ခိုင်နဲ့အတူ ခန်းမထဲ လိုက်သွားခဲ့တယ်။
ခန်းမထဲက အကြီးအကဲအားလုံးက ယန်ချီ ဝင်လာတာကို မြင်တော့ ဝိုင်းကြည့်လိုက်ကြတယ်။
YOU ARE READING
နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)
Adventureယန်ချီရောက်ရှိသွားတဲ့ လောကကြီးမှာဆိုရင် နတ်ဆိုးမိစ္ဆာတွေနဲ့ လူသားတွေက နေရာလု တိုက်ခိုက်နေကြပြီး တနေ့မှာတော့ ယန်ချီက စနစ်တစ်ခုကို မတော်တဆ ရရှိသွားခဲ့တယ်။ အဲ့ဒီစနစ်ကတော့ ဓါးဆွဲထုတ်ခြင်းစနစ်ပါပဲ။