Ch 321 to 325

240 26 0
                                    


Chapter 321 - ဆီရိယပ်သားသတ်ဓါးအဖြစ် အဆင့်မြင့်တင်ခြင်း

ယန်ချီလည်း သူ့ကိုယ်သူ စိတ်ဝိဉာဉ်ဆရာ တစ်ယောက် အဖြစ်သာ တွေးမိနေခဲ့တယ်။ ဘယ်လိုလုပ်ပြီး ဒီစိတ်ဝိဉာဉ်ကုန်းမြေမှာ သူ့လိုလူမျိုးတွေက နည်းရမှာလဲ။

စက္ကန့်အနည်းငယ်လောက် တွေးပြီးနောက်မှာ ယန်ချီတစ်ယောက် နားလည်သွားခဲ့တယ်။

သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာက သူ့ရဲ့ ဒုတိယမြောက်စိတ်ဝိဉာဉ်လက်နက် ကောင်းကင်အဆင့် အဆင့်မြင့် လက်နက်ကို မြင်တွေ့သွားခဲ့တာကြောင့် ဒီလိုမျိုး အံ့အားသင့်စွာ ပြောနေမှန်း သိလိုက်တယ်။

“ယန်ချီ မင်း လင်ဂိုဏ်းကို သွားဖို့ စိတ်ဝင်စားလား”

ရုတ်တရက် အဖိုးအိုက ယန်ချီကို မေးလိုက်တယ်။

ယန်ချီတစ်ယောက် ဒီမေးခွန်းကို ကြားတော့ အနည်းငယ် မှင်သက်မိသွားတယ်။

တကယ်တမ်းလည်း သူ စိတ်ဝင်စားနေခဲ့တယ်လေ။ နောက်ခြောက်ရက်ဆိုရင် လင်ဂိုဏ်းက တပည့်ရွေးချယ်ဖို့အတွက် မြေတိမ်တိုက်မြို့ကို ရောက်လာကြမှာပါ။ တပည့်နေရာအတွက် တစ်ယောက်ကိုပဲ ရွေးချယ်မှာပါ။ ဒီအတွက် မြေတိမ်တိုက်မြို့က မျိုးနွယ်ကြီး သုံးခုအနေနဲ့ ပြိုင်ပွဲကြီးတစ်ပွဲ ဖြစ်လာနိုင်တယ်။ အနိုင်ရရှိသူ တစ်ယောက်သာ လင်ဂိုဏ်းက ရွေးချယ်ခေါ်ယူမှာပါ။ ပထမရရှိသူ တစ်ယောက် လင်ဂိုဏ်းကို ဝင်ရောက်ခွင့်ရမှာပါ။

“ကျွန်တော် စိတ်ဝင်စားပါတယ်”

ယန်ချီလည်း အဖိုးအိုကို ပြောလိုက်တယ်။

အဖိုးအိုကစိတ်သက်သာရာ ရပြီး ခေါင်းညိတ်လိုက်ကာ ပြောလိုက်တယ်။ “ဒါဆိုရင် ငါ့မှာ တံဆိပ်ပြားတစ်ခု ရှိတယ်။ မင်း လင်ဂိုဏ်းကို ရောက်ခဲ့ရင် မင်းအနေနဲ့ လင်ဂိုဏ်းရဲ့ အဓိက တပည့်ကြီး ချက်ချင်း ဖြစ်သွားစေရမယ်”

“လင်ဂိုဏ်းရဲ့ အဓိက တပည့်ဖြစ်သွားမှာလား”

ယန်ချီလည်း ကိုယ့်ကိုယ်ကို နှိမ့်ချပြီးနေဖို့ တွေးထားခဲ့တယ်။ ကြည့်ရတာတော့ လင်ဂိုဏ်းရဲ့ အဓိက တပည့်ဖြစ်လာမယ့်ပုံပဲ။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now