Ch 326 to 330

238 27 1
                                    


Chapter 326 - ယှဉ်ပြိုင်သူများ ရောက်ရှိလာခြင်း

“ပုရွက်ဆိတ်လား”

ယန်ချီတစ်ယောက် အံ့အားသင့်သွားခဲ့ရတယ်။

ယန်ချီရဲ့ အမူအယာကို မြင်တော့ ယန်ရှင်ရွှယ်တစ်ယောက် အနည်းငယ်ပျောရွှင်သွားသလို ခံစားမိလိုက်တယ်။

“နင်နဲ့ တကယ်ပါရမီရှင်တွေကြားက ကွာဟချက်ကို နင်သိသင့်တယ်လို့ ငါထင်တယ်”

ယန်ရှင်ရွှယ်လည်း ယန်ချီကို ကြည့်ပြီး ပြောလိုက်တယ်။

ယန်ချီလည်း ခေါင်းညိတ်လိုက်ပြီး စဉ်းစဉ်းစားစားနဲ့ ပြောလိုက်တယ်။ “သူတို့နဲ့ ငါ့ကြားမှာ ကွာဟချက် ကြီးမားတာ ရှိပေမယ့် အဲ့ဒီကွာဟချက်က အတားအဆီး မဟုတ်ပါဘူး။ ပြီးတော့ ငါက သူတို့ရဲ့ စီနီယာအစ်ကိုကြီးဆိုတဲ့ အချက်ကို ပြောင်းလဲလို့ မရဘူးလေ”

“နင် နင်က တကယ်ကို ကြောင်းကျိုးမဆီလျော်တဲ့ ကောင်ပဲ”

ယန်ရှင်ရွှယ်တစ်ယောက် အလွန် ဒေါသထွက်သွားခဲ့ရတယ်။

“ဒါနဲ့ စကားမစပ် မြေတိမ်တိုက်မြို့က မျိုးနွယ်ကြီးသုံးခုရဲ့ ပြိုင်ပွဲမှာ ငါ ပထမနေရာကို ရယူနိုင်ရင်ရော ဘယ်လိုလဲ”

“ပထမနေရာကို ယူမယ် ဟုတ်လား”

ယန်ရှင်ရွှယ်က နှာခေါင်းရှုံ့လိုက်ပြီး ဆက်ပြောလိုက်တယ်။ “နင်က မြေတိမ်တိုက်မြို့ မျိုးနွယ်ကြီး သုံးခု ပြိုင်ပွဲမှာ ပထမနေရာ ရယူနိုင်မယ်လို့ နင် ထင်နေတာလား။ နင် ဘယ်လိုလုပ်နိုင်မှာလဲ”

ဒီမတိုင်ခင်က မြေတိမ်တိုက်မြို့ရဲ့ လူငယ်မျိုးဆက်ထဲက ပထမဦးဆုံး လင်ဂိုဏ်းကို ဝင်ခွင့်ရတဲ့ ယန်ရှင်ရွယ်တစ်ယောက် အံ့အားသင့်နေခဲ့တယ်။

ဒါပေမယ့် အခုတော့ သူမက လင်ဂိုဏ်းရဲ့ တပည့်တစ်ယောက် ဖြစ်လာပြီး သူမရဲ့ အမြင်က အရင်ကလို မဟုတ်တော့ပါဘူး။

“ဟင်း .. . ”

ယန်ချီတစ်ယောက် သက်ပြင်းချလိုက်ပြီး ကောင်းကင်ယံက လမင်းကို မော့ကြည့်နေခဲ့တယ်။

“ယန်ရှင်ရွှယ် မင်း ငါ့ကို မျာ းကြိုက်နေတာလား”

ယန်ချီက ညည်းညူလိုက်တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now