Ch 331 to 335

236 23 0
                                    


Chapter 331- ဓါးဆွဲထုတ်ပိုင်းဖြတ်ခြင်း

“ယန်ချီ မင်း ဘာပြောလိုက်တာလဲ”

လင်းဂျဲတစ်ယောက် သူ့ကို ယန်ချီ ဒီလို စကားမျိုး ပြောလိမ့်မယ်လို့ မမျှော်လင့်မိပါဘူး။

ယန်ချီက တည်ငြိမ်စွာ ပြုံးလိုက်ပြီး ပြောလိုက်တယ်။ “အဓိပ္ပါယ်မရှိတာတွေ ပြောမနေဲ့ လာခဲ့စမ်းပါ”

ယန်ချီက စကားပြောပြီးနောက် လင်းဂျဲကို လက်ချောင်းတွေ ကွေးကောက်ပြီးစိန်ခေါ်လိုက်တယ်။

“ယန်ချီ . . . ”

လင်းဂျဲအနေနဲ့ ယန်ချီကို ဒီလောက်မောက်မာရဲလိမ့်မယ်လို့ မထင်ထားတဲ့အတွက် အံကြိတ်လိုက်မိတယ်။

တိုက်ခိုက်ရေးကွင်းဘေးမှာ ရောက်နေတဲ့ လူတိုင်းလည်း အံ့အားသင့်သွားခဲ့တယ်။ စိတ်ဝိဉာဉ်လက်နက်တောင် မနိုးထနိုင်တဲ့ ယန်ချီလို အမှိုက်က ဒီလို မောက်မာတဲ့ စကားကို ပြောရဲလိမ့်မယ်လို့ သူတို့တွေလည်း မမျှော်လင့်မိပါဘူး။

“ယန်ချီ မင်းလို စိတ်ဝိဉာဉ်လက်နက် မနိုးထတဲ့ လူက ငါ့ကို တကယ် တိုက်ခိုက်ရဲတာလား”

လင်းဂျဲက ယန်ချီကို အေးစက်စက်ကြည့်ပြီး ပြောလိုက်တယ်။

ပြိုင်ပွဲကို အားပေးဖို့ ရောက်နေကြတဲ့လူတိုင်းက ယန်ချီကို ကြည့်လိုက်ကြပြီး ယန်ချီက အနည်းငယ် ရယ်စရာ ကောင်းနေခဲ့တယ်လို့ သူတို့အားလုံး ထင်လိုက်ကြတယ်။

သူတို့ရဲ့ အမြင်အရ ကြက်တစ်ကောင်ကို လိုက်ဖမ်းဖို့တောင် စွမ်းအားမရှိသူပါ။ သူ့လိုလူ တစ်ယောက်ထဲမပြောနဲ့ ဆယ်ယောက်ဆိုရင်တောင် လင်းဂျဲရဲ့ ပြိုင်ဖက် မဖြစ်နိုင်ပါဘူး။

“မင်းကို တိုက်ခိုက်ဖို့အတွက် . . ” ယန်ချီက လင်းဂျဲကို မျက်လုံးမှေးကြည့်လိုက်ပြီး ဆက်ပြောလိုက်တယ်။ “စိတ်ဝိဉာဉ်လက်နက်တောင် မလိုပါဘူး”

“ဟူး. . .”

ယန်ချီရဲ့ စကားတွေ ထွက်လာတာကို ကြားမိတဲ့လူတိုင်းက သက်ပြင်းမောကြီးချလိုက်မိတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့အားလုံးက ယန်ချီကို ဒီလောက် မောက်မာလိမ့်မယ်လို့ မထင်ထားကြပါဘူး။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now