Ch 336 to 340

235 25 1
                                    


Chapter 336 - အံ့သြတုန်လှုပ်မှု

မူလနတ်ဆိုးစစ်သည် ဆယ်ကောင်ကျော်ကို သတ်ဖြတ်ပြီးနောက် ယန်ရှင်ရွှယ်ရဲ့ မျက်နှာထက်မှာ ပျော်ရွှင်မှုတွေ ပေါ်လာခဲ့တယ်။

“ယန်ချီ ငါ အဆင်ပြေရဲ့လား”

သူမက ယန်ချီကို ကြည့်ပြီး မေးလိုက်တယ်။

ယန်ချီက ယန်ရှင်ရွှယ်ရဲ့ ပါးပြင်ကို ကြည့်ပြီး တိတ်တဆိတ် သက်ပြင်းချလိုက်မိတယ်။ ယန်ရှင်ရွှယ်က သူကို အရင်ဆုံး သဘောကျနေတာ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် အခုကြည့်ရတာ သူ့ကို ပိုပြီး သဘောကျနေပုံပါပဲ။

“ရှင်ရွှယ် နောက်ဆုံးတော့ မင်း ငါ့ကို သဘောကျနေတာပဲ”

သူ ပြောလိုက်ပြီးပြီးချင်းမှာ ယန်ရှင်ရွှယ်တစ်ယောက် တုန့်ဆိုင်းသွားခဲ့ပြီး အချိန်အတော်ကြာမှ သတိပြန်ဝင်လာခဲ့တယ်။

“ယန်ချီ နင်. .  .”

ဒီစကားကို ကြားလိုက်တဲ့အခါမှာ ယန်ရှင်ရွှယ်တစ်ယောက် အချိန်တစ်ခုထိကြာအောင် ဘဝင်ခိုက်သွားပြီး သူမရဲ့ ဖြူဥတဲ့ မျက်နှာလေးကလည်း ပန်းသီးမှည့်လေးတစ်လုံးလို ပိုပြီး ဆွဲဆောင်မှု ရှိအောင် ရဲဗဒေါင်းခတ်သွားခဲ့တယ်။

“ ငါ နင်ကို သဘောမကျပါဘူး”

ဒီစကားကို ပြောလိုက်ပြီးနောက် ယန်ရှင်ရွှယ်တစ်ယောက် ခေါင်းငုံ့မိလိုက်ပြီး ယန်ချီရဲ့ မျက်နှာကို နောက်တစ်ကြိမ် မကြည့်ရဲတော့ပါဘူး။

ယန်ရှင်ရွှယ်ရဲ့ အမူအယာကို မြင်တော့ ယန်ချီတစ်ယောက် ခေါင်းကိုပိုပြီး ခါယမ်းမိလိုက်တယ်။ ယန်ရှင်ရွှယ်ကတော့ သူ့အပေါ်မှာ အတော်ကို ကြွေနေပုံရတယ်ဆိုတာ သူ သိလိုက်တယ်။

“ကောင်းပြီလေ ငါတို့တွေ သားရဲတွေနဲ့ နတ်ဆိုးမိစ္ဆာတွေကို သွားရှာကြစို့”

ယန်ချီက ယန်ရှင်ရွယ်ကို ပြောလိုက်တယ်။

ချက်ချင်းပဲ သူတို့နှစ်ယောက်က နောက်ထပ် နတ်ဆိုးမိစ္ဆာတွေနဲ့ သားရဲတွေကို ထပ်မံရှာဖွေလိုက်တယ်။

သိပ်မကြာပါဘူး။ ယန်ချီနဲ့ ယန်ရှင်ရွှယ်တို့နှစ်ယောက်က နောက်ထပ် မူလနတ်ဆိုးစစ်သည်တစ်အုပ်နဲ့ ထပ်တွေ့ကြပြန်တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now