Ch 346 to 350

235 25 0
                                    


Chapter 346 - မင်းသမီး စွေကျူရဲ့ အံ့အားသင့်မှု

ဒီအချိန်မှာ တစ်စုံတစ်ယောက်ရဲ့ စကားသံကို ကြားရလိမ့်မယ်လို့ မမျှော်လင့်ထားတဲ့အတွက် မင်းသမီးစွေကျူနဲ့ နတ်ဆိုးမိစ္ဆာတွေ အံံအားသင့်သွားခဲ့ကြတယ်။

သူတို့အားလုံး အသံထွက်ပေါ်ရာဆီကို ကြည့်လိုက်ကြတယ်။

အဲ့ဒီအချိန်ကျမှ အသက် ဆယ့်ခြောက်နှစ် ဆယ်ခုနှစ်နှစ်လောက် ရှိပုံရတဲ့လူငယ်လေးတစ်ဦး သူတို့ဆီကိုလျှောက်လာတာ မြင်လိုက်ရတယ်။

ဒီလူငယ်လေးရဲ့မျက်နှာက ကျောက်စိမ်းအလား ချော့မွေ့နေခဲ့ပြီး စိတ်ထားပြည့်ဝပုံရကာ နတ်ဆိုးမိစ္ဆာတွေကို စိတ်ထဲမထားပုံရပြီး မျက်နှာအမူအယာက တည်ငြိမ်နေခဲ့တယ်။

ရာချီတဲ့ နတ်ဆိုးမိစ္ဆာတွေအားလုံးက သူတို့ဆီကို လျှောက်လာနေတဲ့ လူငယ်လေးကို အထင်သေးစွာ ကြည့်နေခဲ့ကြတယ်။

“လူသား . . . ”

ရာချီတဲ့ နတ်ဆိုးမိစ္ဆာတွေရဲ့ အမြင်မှာတော့ ယန်ချီက သေဖို့ ရောက်လာတယ်လို့ မြင်နေခဲ့ကြတယ်။

“သူလား . .. ”

မင်းသမီးစွေကျူက ယန်ချီကို မြင်လိုက်တော့ တိတ်တဆိတ် အံ့အားသင့်သွားခဲ့ရတယ်

ယန်ချီလည်း မင်းသမီးစွေကျူဘေးကို လျှောက်လာခဲ့တယ်။

သူက ဝိုင်းထားတဲ့နတ်ဆိုးမိစ္ဆာတွေကို မျက်လုံးမှေးပြီး ကြည့်လိုက်တယ်။

“မင်းတို့တွေ ကိုယ့်ကိုယ်ကို သတ်သေစမ်း”

ယန်ချီက ရာချီတဲ့ မူလနတ်ဆိုးစစ်သည် တွေကို ညင်သာစွာ ပြောလိုက်တယ်။

“ဟူး. . . .”

ဒီစကားကို ကြားတော့ ရာချီတဲ့ မူလနတ်ဆိုးစစ်သည်တွေ အားလုံး ပင့်သက်ရှိုက်မိလိုက်ကြတယ်။ သူတို့အားလုံးက ယန်ချီ ဒီလို စကားမျိုး ပြောလိမ့်မယ်လို့ မမျှော်လင့်ထားဘူးလေ။

ယန်ချီရဲ့ ဘေးမှာ ရှိနေတဲ့ မင်းသမီးစွေကျူလည်း မျက်နှာပေါ်မှာ အံ့အားသင့်နေတဲ့ အမူအယာတွေပေါ်လာတဲ့အထိ ဖြစ်သွားခဲ့ရတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now