Ch 356 to 360

234 26 0
                                    


Chapter 356 - အဆင့် ၁၉ စိတ်ဝိဉာဉ်ဆရာ အဆင့်

ကျန်ဝူယီနဲ့ တောင်ထိပ်သခင်တွေ သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာအနေနဲ့ ရှေးဟောင်း စိတ်ဝိဉာဉ်ဘုရားကျောင်း တံဆိပ်ပြားကို ယန်ချီဆီ ဘာကြောင့် ပေးခဲ့လဲဆိုတာ သိချင်တာကြောင့် ယန်ချီကို ကြည့်လိုက်ကြတယ်။

"ဒီရှေးဟောင်း စိတ်ဝိဉာဉ်ဘုရားကျောင်း တံဆိပ်ပြားကို သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာက ကျွန်တော်ကို ပေးခဲ့တာပါ"

ယန်ချီလည်း ဘာမှ ကွယ်ဝှက်ထားစရာ မလိုဘူးလို့ ခံစားရတာကြောင့် အမှန်အတိုင်းပြောလိုက်တယ်။

ကျန်ဝူယီနဲ့ တောင်ထိပ်သခင်အားလုံးက ဒီအကြောင်းကို မှန်းဆထားတယ်ဆိုပေမယ့် ယန်ချီရဲ့ အဖြေကို ကြားတဲ့အခါ သူတို့အားလုံး အံ့အားသင့်သွားကြတယ်။

"ဦးလေး ရှီက တကယ်ပဲ မသေဆုံးသေးဘူးပဲ"

ကျန်ဝူယီလည်း စိတ်လှုပ်ရှားသွားခဲ့ရတယ်။

သူ ဆရာဦးလေးကို နောက်ဆုံး မြင်ခဲ့တာ လွန်ခဲ့တဲ့နှစ် ၃၀ ကပါ။

သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာက ယန်ချီကို ပြောခဲ့တဲ့အတိုင်း လင်ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်က သူ့ကို မြင်တဲ့အခါ ဆရာဦးလေးလို့ ခေါ်ခဲ့မယ်ဆိုတာ ဖြစ်လာခဲ့ပါပြီ။

ယန်ချီလည်း အစောပိုင်းမှာ ဒီကိစ္စကို မယုံကြည်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာက စိတ်ဝိဉာဉ်လက်နက် ကိုးခုကို ထုတ်ပြတဲ့အခါမှ သူ ယုံကြည်သွားခဲ့တယ်။

"စီနီယာက ဒီတံဆိပ်ပြားနဲ့အတူ ကျွန်တော်ကို လင်ဂိုဏ်းရဲ့ အဓိက တပည့်ကြီး ဖြစ်နိုင်တယ်လို့ ပြောလိုက်သေးတယ်။ "

ယန်ချီလည်း ဂိုဏ်းခေါင်းဆောင်ကို မရည်ရွယ်ပဲ ပြောလိုက်မိတယ်။

"အင်း ဟုတ်တယ်"

ကျန်ဝူယီလည်း ခေါင်းညိတ်လိုက်တယ်။

"ဆရာဦးလေးက မင်းကို ရှေးဟောင်း စိတ်ဝိဉာဉ်ဘုရားကျောင်း တံဆိပ်ပြားကို ပေးခဲ့တာဆိုတော့ မင်းရဲ့ ပါရမီက ထိတ်လန့်ဖို့ကောင်းတယ်ဆိုတာ သက်သေပြနေပါပြီ။ ငါတို့ကို မင်းရဲ့ စိတ်ဝိဉာဉ်ပြလို့ရမလား"

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now