Ch 366 to 370

228 24 0
                                    


Chapter 366 - မင်းရဲ့ အဆင့်က ဘယ်လောက်လဲ

ဒါပေမယ့်လည်း သူတို့တွေ တုန်လှုပ်မှုတွေက မရပ်နိုင်ခဲ့ပါဘူး။

“အဆ ၈၀၀၀ တိုးမြင့်မြန်ဆန်ခြင်း”

“အဆ ၉၀၀၀ တိုးမြင့်မြန်ဆန်ခြင်း”

“အဆ ၁၀၀၀၀ တိုးမြင့်မြန်ဆန်ခြင်း”

ယန်ချီရဲ့ ဓါးဆွဲထုတ်တဲ့ အမြန်နှုန်းက အလင်းရဲ့ အမြန်နှုန်းလောက်ကို ရောက်နေပါပြီ။

ရင်ပြင်ထက်မှာ ရှိနေတဲ့ တိုက်ရိုက်တပည့် ဆယ်ယောက်ကျော်က ဒီမြင်ကွင်းကို မြင်တော့ မိုးကြိုးပစ်ခံလိုက်ရသလို ခံစားမိလိုက်တယ်။

ဒီမြင်ကွင်းက သူတို့အတွက် ပထမဆုံးအကြိမ်အဖြစ်  ထိတ်လန့်စရာ အချိန်ဆိုတာ သူတို့တွေ ကျိန်ရဲပါတယ်။

ချင်ရုရွယ်က ယန်ချီဓါးကို ဆွဲထုတ်တာ ကြည့်ပြီး အံ့အားသင့်နေခဲ့တယ်။ နောက်ဆုံးမှာတော့ သူမက ယန်ချီနဲ့ သူမတို့ကြားက ကွာဟချက်ကို နားလည်သွားခဲ့တယ်။

တကယ်ကို ကောင်းကင်နဲ့ မြေပြင်လောက်ကို ကွာဟပါတယ်။

“ဓါးဆွဲထုတ်မှတ် +၁၀”

“ဓါးဆွဲထုတ်မှတ် +၁၀”

“ဓါးဆွဲထုတ်မှတ် +၁၀”

ဓါးဆွဲထုတ်မှတ်တွေကလည်း အရူးအမူး တိုးတက်နေခဲ့တယ်။

တလခန့် ကြာသွားအောင် ယန်ချီက ဓါးကို ဆွဲထုတ်နေခဲ့တယ်။

အခုဆိုရင် သူ့ရဲ့ ကျင့်စဉ်အဆင့်က အဆင့် ၄၁ စိတ်ဝိဉာဉ် မဟာစိတ်ဝိဉာဉ်ဘုရင်အဆင့်ကို ရောက်ရှိခဲ့ပါပြီ။

ယနချီက အစောပိုင်းမှာ ဓါးကို ဆက်လက် ဆွဲထုတ်ချင်ပေမယ့် ဓါးဆွဲထုတ်မှတ်တွေကို ယာယီပိတ်ထားခြင်း ခံလိုက်ရတယ်။

လက်ရှိမှာတော့ သာလွန်ကောင်းကင်အဆင့် ကျင့်ကြံခြင်းနည်းစနစ် ဓါးအကြိမ် သန်းထောင်ပေါင်းများစွာ ဆွဲထုတ်ခြင်း အကြိမ် ၇၀၀၀၀၀ ကို ရောက်ရှိနေပြီး ဒီအဆင့်ကို အောင်မြင်ဖို့အတွက် အကြိမ်သုံးသိန်း လိုအပ်နေပါသေးတယ်။

အခုဆိုရင် သူက နောက်ထပ် စိတ်ဝိဉာဉ်လက်နက် နှစ်ခု ပေါင်းစည်းလို့ ရပါပြီ။

ဒီအကြောင်းကို တွေးမိလိုက်တော့ ယန်ချီရဲ့ မျက်နှာထက်မှာ စိတ်လှုပ်ရှားတဲ့ အမူအယာတွေ ပေါ်လာခဲ့တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now