Ch 381 to 385

211 22 0
                                    


Chapter 381 - လက်စားချေခြင်း

ဝူမျိုးနွယ်က ဟန်ဟိုင်မြို့မှာ အလယ်အလတ်တန်းစား မျိုးနွယ်တစ်ခုပါ။

ဝူယွင်တစ်ယောက် သူ့မျိုးနွယ်ဆီ ပြန်ရောက်သွားပြီးနောက် သူ့မျိုးနွယ်က လူငယ်တွေအားလုံး အံ့အားသင့်သွားခဲ့တယ်။

ဘာကြောင့်လဲဆိုတော့ ဝူယွင်ရဲ့မျက်နှာမှာ ဖုန်မှုန့်တွေ ပေကျံနေခဲ့ပြီး ကြောက်လန့်တကြားဖြစ်နေတဲ့ အမူအယာရှိနေခဲ့တာကြောင့်ပါ.။

“ဘာဖြစ်များ ဖြစ်ခဲ့တာလဲ”

“ရှောင်ယွင် ဘာများ ဖြစ်ခဲ့လို့လဲ”

“အဆင်ပြေပါတယ် တတိယ ဦးလေး ။ အဆင်ပြေပါတယ်”

သက်လတ်ပိုင်း လူကြီး တစ်ယောက်က ဝူယွင်ကို မြင်လိုက်တော့ နားမလည်နိုင်ဖြစ်နေခဲ့တယ်။

“ဘယ်လိုဖြစ်ရတာလဲ ။ တတိယ ဦးလေးကို ပြောစမ်းပါ”

ဒီ သက်လတ်ပိုင်း လူကြီးရဲ့ နာမည်က ဝူချောင်ဖြစ်ပြီး အဆင့် ၃၃ စိတ်ဝိဉာဉ်ဘုရင်အဆင့် ဖြစ်ကာ ဝူမျိုးနွယ်ရဲ့ တတိယ အကြီးအကဲပါ။ သူ့ရဲ့ ဆက်နွယ်မှု လက်နက်က အဝါရောင်အဆင့် အလယ်အလတ် အေးခဲ သံမဏိဓါးပါ။

စံအိမ်မှာ ရှိနေကြတဲ့ လူငယ်တွေကတော့ ဝူယွင်ရဲ့ သနားစရာ ကောင်းတဲ့ အခြေအနေကို အရင်က မမြင်ဖူးပါဘူး။

“ပြောစမ်းပါ”

တတိယအကြီးအကဲက ဝူယွင်ကို ပြောခိုင်းလိုက်ပြန်တယ်။

ဝူယွင်လည်း ဖြစ်ပျက်ခဲ့သမျှကို ပြောပြလိုက်တယ်။

ဝူယွင်ပြောပြတာကို တတိယအကြီးအကဲနဲ့ လူငယ်တွေ ကြားပြီးနောက်မှာ သူတို့ရဲ့ မျက်နှာထက်မှာ အံ့အားသင့်တဲ့ အမူအယာတွေ ပေါ်လာခဲ့တယ်။

“ရှောင်ယွင် မင်း ပြောတာတွေက အမှန်လား”

“ဟုတ်ကဲ့ဦးလေး”

ဝူယွင်က ခေါင်းညိတ်လိုက်တယ်။

ဘေးကနေ နားထောင်နေတဲ့ လူငယ်တွေက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ဝူယွင်က အဆင့် ၄၁ မဟာစိတ်ဝိဉာဉ်ဆရာသခင်ရဲ့ ရိုက်နှက်ခြင်းကို ခံခဲ့ရတယ်လို့ တွေးနေခဲ့ကြတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now