Ch 386 to 390

225 23 0
                                    


Chapter 386 - မြောက်ဖက် ဘာရန် တောအုပ် - ၂

“မီးတောက်နီ ပုရွတ်ဆိတ်တွေလား”

ရာချီတဲ့ လူတွေအားလုံး ထိတ်လန့်တုန်လှုပ်ကုန်ကြတယ်။

သူတို့တွေအားလုံးက မီးတောက်နီပုရွတ်ဆိတ်တွေအကြောင်းကို ကြားဖူးကြတယ်လေ။

မီးတောက်နီ ပုရွတ်ဆိတ်တွေက အဆင့် တစ် နတ်ဆိုးသားရဲတွေ ဆိုပေမယ့်လည်း ပြင်းထန်တဲ့ အဆိပ်ကို ပိုင်ဆိုင်ထားတယ်။

စိတ်ဝိဉာဉ်ဆရာသခင်တွေရဲ့ခန္ဓာကိုယ်က အဆိပ်ကို ကာကွယ်နိုင်တဲ့အထိ အလွန်တရာကို သန်မာပေမယ့်လည်း မီးတောက်နီ ပုရွတ်ဆိတ်ရဲ့ အဆိပ်က ပြင်းထန်လွန်းပါတယ်။

ရာချီတဲ့ လူတွေက ဘက်ပေါင်းစုံကနေ သူတို့ဆီကို တိမ်စိုင်နီတွေအလား ဦးတည်လာနေတဲ့ မီးတောက်နီပုရွတ်ဆိတ်တွေကို မြင်လိုက်ရတော့ တုန်လှုပ်သွားကြတယ်။

လိန်ပေါင်၊ ချင်ရုရွယ်နဲ့ ရာချီတဲ့ ကြေးစားတွေအားလုံး စိတ်ထဲ တင်းကျပ်သွားသလို ခံစားမိလိုက်တယ်။

ဒီလောက်များပြားတဲ့ မီးတောက်နီပုရွတ်ဆိတ်တွေကို သူတို့တွေ ကျော်ဖြတ်နိုင်တယ်ဆိုရင်တောင်မှ သူတို့အနေနဲ့ ဒဏ်ရာ အပြင်းအထန်ရလောက်ပါတယ်။

“ဘယ်လို လုပ်ကြမလဲ”

အဖွဲ့ခွဲခေါင်းဆောင်တစ်ယောက်က လိန်ပေါင်ကို ကြည့်ပြီးမေးလိုက်တယ်။

“ဘာဆက်လုပ်ရမှာလဲ ။ ထိုးဖောက် ထွက်ကြတာပေါ့”

လိန်ပေါင်က အံ့ကြိတ်ပြီး ပြောလိုက်တယ်။

လိန်ပေါင်ရဲ့စကားမဆုံးခင်မှာပဲ လူတိုင်းက ရဲရဲတောက်နေတဲ့ မီးတောက်တစ်ခုကို မြင်လိုက်ရတယ်။

အဲ့ဒါက သူတို့ရဲ့ အရှေ့ကို မီးတွေ လောင်နေတဲ့ ကျားတစ်ကောင် ရောက်ရှိလာတာကြောင့်ပါ။

“အဲ့ဒါက . .”

“စိတ်ဝိဉာဉ်လက်နက်နဲ့ ပေါင်းစပ်ထားတာလား”

ရာချီတဲ့ လူတွေအားလုံး မီးတွေ လောင်နေတဲ့ ကျားကို မြင်လိုက်တော့ အံ့အားသင့်သွားကြတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now