Ch 396 to 400

221 27 0
                                    


Chapter 396 - ကျားအာဏာရှင်ဓါးနဲ့ ပေါင်းစည်းခြင်း

တိမ်လွှာနဂါးဓါးက ပေ ၄၁၀ ရှိတဲ့ ဓါးအလင်းကို မထုတ်လွှတ်နိုင်ပါဘူး။

ဒါပေမယ့်လည်း ဓါးသွားတစ်ထောင်မှော်ဓါးက ထုတ်လွှတ်နိုင်တယ်။

အဆင့် နှစ် မဟူရာမုန်တိုင်း ဝံပုလွေက အဝေးကို ထွက်ပြေးသွားတဲ့အချိန်မှာ ယန်ချီရဲ့ လက်ထဲက တိမ်လွှာနဂါးဓါးက ပျောက်ကွယ်သွားခဲ့ပြီး နောက်ကျောမှာ လွယ်ထားတဲ့ ဓါးသွားတစ်ထောင်မှော်ဓါးကို ဆွဲထုတ်တယ်။

“ဝှစ် ”

အဲ့ဒီနောက် ယန်ချီက လက်ထဲက ဓါးသွားတစ်ထောင်မှော်ဓါးကို ဝှေ့ယမ်းလိုက်တယ်။

ထွက်ပြေးနေတဲ့ အဆင့် နှစ် မဟူရာမုန်တိုင်း ဝံပုလွေက မယုံနိုင်စရာ ကောင်းတဲ့ အန္တရယ်ကို ခံစားမိတာကြောင့် နောက်ကို ပြန်လည့်ကြည့်လိုက်တဲ့အခါ လွှမ်းမိုးနိုင်လွန်းတဲ့ ဓါးအလင်းတစ်ခုက သူ့ကို ထိတော့မယ်ဆိုတာ မြင်လိုက်တယ်။

အဆင့် နှစ် မဟူရာမုန်တိုင်းဝံပုလွေအနေနဲ့ ဒီလို အစွမ်းထက်တဲ့ ဓါးအလင်းကို ဘယ်လိုလုပ်ပြီး ခုခံနိုင်မှာလဲ။ ဒါကြောင့် သူ့အသက်က ဒီလောကကနေ အမြဲတမ်း ပျောက်ကွယ်သွားရပါတော့တယ်။

“ရယ်စရာ ကောင်းတဲ့ ကောင်ပဲ”

ယန်ချီက ဖြေးညှင်းစွာ ပြောလိုက်တယ်။

အဲ့ဒီနောက် ဓါးသွားတစ်ထောင်မှော်ဓါးကို နောက်ကျောရှိ ဓါးအိမ်ထဲ ပြန်ထည့်လိုက်တယ်။

ယန်ချီက သာလွန်ကောင်းကင်အဆင့် ကျင့်ကြံခြင်းနည်းစနစ်ရဲ့ စတုတ္ထအဆင့် မပွင့်သေးကြောင်းကို တွေးမိပြီး တိတ်တဆိတ် သက်ပြင်းချမိလိုက်တယ်။

အကယ်၍သာ ပွင့်နေပါက သူ့အနေနဲ့ မြောက်ဖက် ဘာရန်တောအုပ်အတွင်း ဝင်တဲ့ ခရီးမှာ ဓါးဆွဲထုတ်မှတ်များစွာ ရရှိနိုင်ပါတယ်။

သူက ချင်ရုရွယ်နဲ့ လိန်ပေါင်တို့နှစ်ယောက်ကို လှည့်ကြည့်လိုက်တော့ သူတို့နှစ်ယောက်က နေရာမှာတင် ကျောက်ရုပ်အလား ကြောင်အမ်းနေတာကို မြင်လိုက်ရတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now