Ch 401 to 405

220 30 1
                                    


Chapter 401- ဝမ်မျိုးနွယ်ဝင် အားလုံးကို သတ်ဖြတ်ခြင်း

ယန်ချီရဲ့ လက်က နောက်ကျောမှာ ရှိတဲ့ ဓါးလက်ကိုင်ရိုးပေါ် ရောက်နေခဲ့တယ်။

ဓါးသွားတစ်ထောင်မှော်ဓါးသာ ထွက်လာခဲ့ပါက သေချာပေါက်ကို သွေးစွန်းမှုတွေ ဖြစ်သွားမှာပါ။

“ဝှစ်”

ရုတ်တရက် အေးစက်စက် အလင်း တစ်ခု ထွက်ပေါ်လာခဲ့တယ်။

အေးစက်စက် အလင်းနဲ့အတူ ဓါးကဓါးအိမ်ထဲက နေ ထွက်ပေါ်လာခဲ့တယ်။

ကြောက်မက်ဖွယ်ကောင်းတဲ့ ဓါးအလင်းက ပျံသန်းလာတဲ့ စိတ်ဝိဉာဉ်လက်နက်တွေကို ပိုင်းဖြတ်သွားခဲ့တယ်။

ချက်ချင်းပင် တိုက်ခိုက်ခံလိုက်ရတဲ့ စိတ်ဝိဉာဉ်လက်နက်တွေက ဘာအစအနမှ မကျန်ခဲ့လို ပျောက်ကွယ်သွားခဲ့တယ်။

“ဘာ”

သူတို့အရှေ့မှာ ဖြစ်ပျက်နေတဲ့ မြင်ကွင်းကို ကြည့်ပြီး ဝမ်မျိုးနွယ်က လူတိုင်းက ကူကယ်ရာမဲ့စွာနဲ့ တအံ့တသြ ဖြစ်သွားခဲ့ကြတယ်။

“ဘာတွေ ဖြစ်ပျက်သွားတာလဲ”

ရုတ်တရက် ဝမ်မျိုးနွယ်ကလူတိုင်း မိုးကြိုးငါးစင်း တပြိုင်နက် အပစ်ခံလိုက်ရလို စိတ်ဝိဉာဉ်လွင့်ထွက်မတက် ဖြစ်နေခဲ့ကြတယ်။

ယန်ချီက သူတို့ကို ဘာအခွင့်အရေးမှာ ပေးမနေတော့ပဲ သူတို့ဆီကို လျှောက်သွားခဲ့တယ်။

ဝမ်မျိုးနွယ်က လူတွေ သတိပြန်ဝင်လာတဲ့ အချိန်မှာတော့ ယန်ချီက သူတို့ဘေးကို ရောက်နေခဲ့ပါပြီ။

ဓါးသွားတစ်ထောင်မှော်ဓါးက နတ်ဆိုးဆန်တဲ့ အရှိန်အဝါတွေကို ထုတ်လွှတ်လိုက်တယ်။

“ဝှစ် ဝှစ် ဝှစ် ”

ယန်ချီက လက်ထဲမှာ ဓါးသွားတစ်ထောင်မှော်ဓါးကို ကိုင်ပြီး သိုးအုပ်ထဲ ခုန်ဝင်သွားတဲ့ ကျားတစ်ကောင်လို ဓါးကို ဝှေ့ယမ်းတိုက်ခိုက်လိုက်တယ်။

ဒီဓါးက အခြားဓါး မဟုတ်ပါဘူး။

ဝမ်မျိုးနွယ် မိသားစုခေါင်းဆောင် ဝမ်လင်မှတပါး ဝမ်မျိုးနွယ်က လူတွေအားလုံး သွေးကန်ထဲ နစ်မြုပ်သွားသလို ဖြစ်သွားခဲ့တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now