Ch 411 to 415

206 27 0
                                    


Chapter 411 - ခန်းမထဲက လူအားလုံး ထိတ်လန့်သွားကြခြင်း

ခန်းမထဲမှာ ရှိတဲ့ လူတိုင်းက တန်ဂျွင်တစ်ယောက် ယန်ချီကို ပြင်းထန်စွာ ထိုးလိုက်တာကို မြင်လိုက်ရတယ်။

ဒီလက်သီးချက်မှာ မည်သည့် စိတ်ဝိဉာဉ်စွမ်းအင်မှ မပါပေမယ့်လည်း ဒီလက်သီးချက်က ယန်ချီရဲ့ ခန္ဓာကိုယ်ပေါ်ကို ကျရောက်သွားမယ်ဆိုရင် ဖြစ်လာမယ့် အကျိုးဆက်ကို ခန့်မှန်းကြည့်လို့ ရပါတယ်။

“သူက နောက်ကို ခြေလှမ်းဝက် ဆုတ်သွားမှာလား”

လူတိုင်းက ယန်ချီက တန်ဂျွင်ထက်ပိုပြီး အစွမ်းမထက်နိုင်ဘူးလို့ ထင်မိထားတာကြောင့် ခေါင်းခါပြီး ပြုံးလိုက်ကြတယ်။

ဒါပေမယ့်လည်း နောက်ပိုင်း သူတို့တွေ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် တုန်လှုပ်သွားကြတယ်။

မြင်လိုက်ရတဲ့ မြင်ကွင်းက လုံးဝကို မဖြစ်နိုင်ဘူးလေ။

ချင်ရုရွယ်နဲ့ လိန်ပေါင်တို့နှစ်ယောက်အနေနဲ့ တန်ဂျွင်ရဲ့ လက်သီးချက်က ယန်ချီကို ဘာမှ မဖြစ်စေနိုင်မှန်း သိပါတယ်။

သူတို့တွေ မြောက်ဖက် ဘာရန် တောအုပ်ထဲ ဝင်ခဲ့စဉ်က ဖန်မြို့က ဝမ်မျိုးနွယ်ခေါင်းဆောင် ဝမ်လင်က လက်ထဲမှာ လက်နက် အဝါရောင် အလယ်အလတ်အဆင့် ဆက်နွယ်မှုလက်နက် ကျောက်တုံးသုံးခု ဓါးကို ကိုင်ပြီး ယန်ချီရဲ့ ရင်ဘတ်ကို တစ်ချက် ထိုးခဲ့ပေမယ့် ကျောက်တုံးသုံးခုဓါးက ယန်ချီရဲ့ ရင်ဘတ်နဲ့ ထိမှန်တဲ့အခါ သံချင်း ထိသံကိုသာ ထွက်ပေါ်စေခဲ့တယ်။

အဝါရောင် အဆင့် အလယ်အလတ် ဆက်နွယ်မှုလက်နက် ကျောက်တုံးသုံးခုဓါးက ယန်ချီရဲ့ ခုခံနိုင်စွမ်းကို မချိုးဖြတ်နိုင်မှတော့ တန်ဂျွင်ရဲ့ စိတ်ဝိဉာဉ်စွမ်းအားမပါတဲ့ လက်သီးချက်ဆိုရင် အယားတောင် ပြေမှာ မဟုတ်ပါဘူး။

ယန်ချီက ဗာဂျရာခန္ဓာကိုယ်နည်းစနစ်ကို ပြီးပြည့်စုံအဆင့် အထိ ကျင့်ကြံထားတယ်လေ။

“ဘုန်း”

တန်ဂျွင်ရဲ့ ဒေါသတကြီးထိုးလိုက်တဲ့ လက်သီးချက်က ယန်ချီရဲ့ ခန္ဓာကိုယ်ပေါ်ကို ပြင်းထန်စွာ ကျရောက်သွားခဲ့တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now