Ch 426 to 430

223 27 0
                                    


Chapter 426 - အံ့အားသင့်နေကြတဲ့ မိန်းကလေးတွေ

ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ ဟိန်းဟောက်သံကြောင့် ဒီနတ်ဆိုးသားရဲ့ ကြောက်မက်ဖွယ်ကောင်းကြောင်းကို မိန်းကလေး ငါးဦးက သိပါတယ်။

ဒါပေမယ့်လည်း ရှီချုံလင်တောင်မှာ အဆင့်နိမ့် နတ်ဆိုးသားရဲတွေသာ ရှိတယ် မဟုတ်ဘူးလား။

ဖြစ်နိုင်တာက သူမတို့တွေ သတင်းအချက်အလက်အမှားတွေ ရခဲ့တာလား။

သူတို့တွေကအသံထွက်ပေါ်ရာဆီကို ကြည့်လိုက်ကြတယ်။ သူတို့တွေသာ မကြည့်ခဲ့ရင် ဘာမှ မဖြစ်ပေမယ့် ကြည့်လိုက်တဲ့အခါမှာတော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အံ့အားသင့်သွားခဲ့တယ်။

သူတို့တွေ မြင်လိုက်ရတာကတော့ မီတာ များစွာ ရှည်လျားတဲ့ အနက်ရောင်ကျားတစ်ကောင် ဖြစ်ပါတယ်။

“အဆင့် သုံး နတ်ဆိုးသားရဲ အနက်ရောင် လေနတ်ဆိုးကျား”

ယီယုရဲ့ လေသံက တုန်ယင်နေခဲ့တယ်။

ယန်ရှင်ရွှယ်နဲ့ ကျန်တဲ့ မိန်းကလေးသုံးယောက်ရဲ့ မျက်နှာထက်မှာလည်း ကြောက်လန့်မှုတွေ ကြီးစိုးနေခဲ့တယ်။

အဲ့ဒီအချိန်မှာတော့ အဆင့် သုံး လေနတ်ဆိုးအနက်ရောင်ကျားက သူတို့တွေကို ကြည့်လိုက်တယ်။ သူ့ရဲ့ အစွယ်တွေက ၂၀ စင်တီမီတာ ရှည်လျားပြီး ထိတ်လန့်ဖွယ်အေးစက်စက် အလင်းတွေ လင်းလက်နေခဲ့တယ်။

အဲ့ဒီလို ကြောက်လန့်စရာတွေနဲ့ ရင်ဆိုင်မိလိုက်တော့ မိန်းကလေးငါးဦးက ယန်ချီကို အားကိုးတကြီး ကြည့်လိုက်ကြတယ်။

သူတို့တွေ အားကိုးတကြီး ကြည့်လိုက်တဲ့အခါ ယန်ချီရဲ့ မျက်နှာမှာတော့ ဘာတစ်ခုမှကို မမြင်သည့်အလား တည်ငြိမ်နေခဲ့တယ်။

ယန်ချီရဲ့ မျက်နှာပေါ်က အမူအယာကို မြင်လိုက်ရတော့ မိန်းကလေးငါးယောက် စိတ်သက်သာရာရသလို ခံစားမိလိုက်တယ်။

တကယ်တမ်းလည်း မိန်းကလေးငါးဦးက ယန်ချီရဲ့ အစွမ်းကို သိပါတယ်။

ယန်ချီရဲ့ အရှေ့မှာ ရောက်နေတဲ့  အနက်ရောင် လေနတ်ဆိုးကျားက အဆင့် သုံးဆိုပေမယ့် သူမတို့ စီနီယာ အစ်ကိုကြီးရဲ့ အရှေ့မှာတော့ ပုရွက်ဆိတ်တစ်ကောင် အလားပါပဲ။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now