Ch 431 to 435

217 26 0
                                    


Chapter 431 - အင်ပါယာ ကျောင်းတော်သို့ ခရီးဆက်ခြင်း

ဒါပေမယ့်လည်း ယီယုတစ်ယောက် ခေါင်းကို မော့ကြည့်လိုက်တဲ့အခါ မြင်လိုက်ရတဲသူကြောင့် သူမရဲ့ ဖြူလွှလွှ မျက်နှာပေါ်က အေးစက်မှုတွေ ပျောက်ကွယ်သွားခဲ့တယ်။

သူမအနေနဲ့ စကားပြောလိုက်တဲ့သူက ယန်ချီလို့ ထင်မထားမိဘူးလေ။

“စီနီယာ အစ်ကိုကြီး ရှင်. . ရှင် . . ”

ယီယုက ယန်ချီတစ်ယောက် သူမအရှေ့မှာ ပေါ်လာလိမ့်မယ်လို့ မထင်မိထားတဲ့အတွက် အလွန် အံ့အားသင့်နေခဲ့တယ်။

“ငါ့ကို တွေ့တာ ဘာများအံ့သြစရာ ရှိလို့လဲ”

ယန်ချီက ယီယုကို ကြည့်ပြီးမေးလိုက်တယ်။

အချိန်အတော်ကြာပြီးနောက် ယီယုက သတိပြန်ဝင်လာခဲ့ပြီး ပြောလိုက်တယ်။

“စီနီယာ အစ်ကိုကြီး ကျွန်မဆီလာတာ ဘာကိစ္စများ ရှိလို့လဲ”

ယန်ချီတစ်ယောက် သူမဆီကို လာတွေ့တဲ့အပေါ် ယီယုတစ်ယောက် နားမလည်နိုင် ဖြစ်နေခဲ့တယ်။

ယန်ချီက ယီယုက ဖြစ်ပျက်သမျှကို ပြောပြလိုက်တယ်။

ယီယုလည်း ယန်ချီရဲ့ စကားတွေကို ကြားလိုက်ပြီးနောက် မှင်သက်သွားခဲ့တယ်။

“စီနီယာ အစ်ကိုကြီး ရှင်က အလေးအနက်ထားပြီး ပြောနေတာလား”

“ငါ့ပုံစံက လိမ်နေတယ်လို့ မင်း ထင်နေလို့လား”

ယန်ချီက ယီယုကို တည်ကြည်စွာ စိုက်ကြည့်လိုက်တယ်။

“ကောင်းပြီး ကောင်းပြီ”

ယီယုတစ်ယောက် ပြန်ပြောလိုက်တယ်။

“မနက်ဖြန်သွားကြမှာ”

ယန်ချီက ဖြေးညှင်းစွာ ပြောလိုက်တယ်။

ယန်ချီက ယီယုနဲ့ စကားပြောဆိုပြီးနောက်အဓိက တောင်ထိပ်ဆီကို ပြန်လာတဲ့အခါ ချင်ရုရွယ်ကို မြင်လိုက်တယ်။

“စီနီယာ အစ်ကိုကြီး ဂိုဏ်းခေါင်းဆောင်က ရှင့်ကို အင်ပါယာ ကျောင်းတော်ဆီ သွားခိုင်းတယ်ဆို”

“ဟုတ်တယ်လေ”

ယန်ချီက ဂိုဏ်းခေါင်းဆောင်တစ်ယောက် လူလွှတ်မယ့် ကိစ္စကို သူ့တပည့်တွေကို ပြောလိုက်ပြီးလို့ တွေးမိပြီး ရယ်မောလိုက်မိတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now