Ch 436 to 440

206 28 0
                                    

Chapter 436 - လက်တစ်ဖက်ထဲနဲ့ လျူချင်စူကို အနိုင်ယူခြင်း

ယန်ချီက ကောင်းကင်အဆင့် အဆင့်နိမ့်စိတ်၀ိဉာဥ်နည်းစနစ် လျှပ်စီးခြေလှမ်းကိုအသုံးပြုလိုက်သည့်အခါ နေရာကနေ ပျောက်ကွယ်သွားသလိုဖြစ်သွားခဲ့တယ်။

"ဟူးးး....."

ရင်ပြင်မှာကြည့်နေကြတဲ့လူတိုင်းက ဒီမြင်ကွင်းကိုမြင်ပြီးနောက် သူတို့ရဲ့စိတ်ထဲ၌ ထိတ်လန့်သွားခဲ့ကြတယ်။ဘယ်လိုပဲဖြစ်ဖြစ် သူတို့တွေက ယန်ချီအနေနဲ့ ဒီနေရာကနေ ပျောက်ကွယ်သွားမယ်လို့မထင်မိကြပါဘူး။

ချက်ချင်းပင် တိုက်ခိုက်ရေးကွင်းထဲမှာ လျှပ်စီးတွေပြည့်နှက်သွားခဲ့တယ်။

"အဲ့ဒါက..."

ကျောင်းအုပ်ကြီး ဟွမ်ခွန် ၊ ဒုကျောင်းအုပ်ကြီးနဲ့ ဆရာတွေအားလုံး ထိတ်လန့်ကုန်ကြတယ်။

"ကောင်းကင်အဆင့် အဆင့်နိမ့် စိတ်၀ိဉာဥ်စွမ်းရည် လျှပ်စီးခြေလှမ်းပဲ"

ယန်ချီက ကောင်းကင်အဆင့် အဆင့်နိမ့် စိတ်၀ိဉာဥ်စွမ်းရည် လျှပ်စီးခြေလှမ်းကို အမှန်တကယ်လေ့ကျင့်ထားလိမ့်မယ်လို့ မမျှော်လင့်မိထားတဲ့အတွက် သူတို့ရဲ့မျက်နှာထက်မှာ အံ့သြတုန်လှုပ်မှုတွေ ပြည့်နှက်သွားခဲ့ရတယ်။

ဒါ့အပြင် လျှပ်စီးခြေလှမ်းနည်းစနစ်ကိုလည်း ပြီးပြည့်စုံသည်အထိ လေ့ကျင့်ထားနိုင်တယ်လေ။

ယန်ချီကိုကြည့်ရတာ အသက်ဆယ့်ခြောက်နှစ်ဆယ့်ခုနှစ်နှစ်လောက်ရှိသေးပေမဲ့ သူက ကောင်းကင်အဆင့် အဆင့်နိမ့်စိတ်၀ိဉာဥ်နည်းစနစ် လျှပ်စီးခြေလှမ်းနည်းစနစ်ကိုပြီးပြည့်စုံတဲ့အထိ အောင်မြင်အောင် လေ့ကျင့်နိုင်ခဲ့တယ်လေ။

သူတို့တွေသာ ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ မတွေ့ရဘူးဆိုရင် သူတို့တွေဘယ်လိုမှယုံကြည်ကြမှာမဟုတ်ဘူးဆိုတာ တကယ်ကိုကျိန်ဆိုရဲပါတယ်။

တိုက်ခိုက်ရေးကွင်းထဲမှာရှိနေတဲ့လျူချင်စူလည်း တုန်လှုပ်နေခဲ့တယ်။

ယန်ချီကိုတိုက်ခိုက်တဲ့စိတ်၀ိဉာဥ်လက်နက်လေးခုက ပစ်မှတ်ကိုမထိမှန်ခဲ့ပါဘူး။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now