Ch 446 to 450

252 25 0
                                    


Chapter 446 - အင်ပါယာ ယီယွင်

ယီယုက ယန်ချီကို သိချင်စိတ်နဲ့ ထပ်မေးလိုက်တယ်။

“အင်ပါယာဆီ သွားကြတာပေါ့”

ယန်ချီက ပြောလိုက်တယ်။

ယီယုလည်း ယန်ချီစကားကြောင့် ဆက်မမေးတော့ပါဘူး။

အဲ့ဒီနောက်တော့ သူမက ယန်ချီကို အင်ပါယာနန်းတော်ရှိ ခန်းမဆောင်ကြီးထဲ ခေါ်လာခဲ့တယ်။

သိပ်မကြာခင်မှာပဲ သူတို့နှစ်ယောက်က ခန်းမဆောင်ကြီးအနားကို ရောက်လာခဲ့ကြတယ်။

“စီနီယာ အစ်ကိုကြီး အရင်ဆုံး ရှင် အပြင်မှာ ခဏစောင့်နေဦး။ ကျွန်မ အထဲမှာ အင်ပါယာ ရှိမရှိ ကြည့်ဦးမယ်”

“အင်း ကောင်းပြီလေ”

ယန်ချီလည်း ခေါင်းညိတ်လိုက်တယ်။

အဲ့ဒီနောက်တော့ ချက်ချင်းပင် သူမက ခန်းမထဲ ဝင်သွားခဲ့တယ်။

ဒီအချိန်မှာတော့ ခန်းမဆောင်ကြီးထဲမှာ လူအများကြီး ရှိနေခဲ့တယ်။

“မင်းသမီးလေး ရောက်လာပြီဟေ့”

ဒီစကားသံ ထွက်ပေါ်လာပေမယ့် ခန်းမဆောင်ကြီး အတွင်းက လူတွေရဲ့ မျက်နှာပေါ်မှာတော့ အံ့အားသင့်တဲ့ အမူအယာ မရှိပါဘူး။

ဘာကြောင့်လဲဆိုတော့ ဆျှိုလုံမျှော်စင်မှာ ထိန်းချုပ်ထားတဲ့ အစွမ်းထက် ကောင်းကင်ဘုံနဂါးဝိဉာဉ်ကို ဖမ်းဆီးသွားတာ မင်းသမီးလေးနဲ့ အတူတူလာသူလို့ သူတို့တွေ သိကြလို့ပါ။

“ယုအာ  မင်း ပြန်လာပြီလား”

အင်ပါယာ ယီယွင်က ယီယုကို ကြည့်ပြီး မေးလိုက်တယ်။

“ဟုတ်ကဲ့ပါ အဖေ ” ယီယုလည်း ခေါင်းညိတ်လိုက်တယ်။

ယီယုရဲ့ အဖေဖြစ်သူ အင်ပါယာ ယီယွင်က ကောင်းကင်ကြယ်အင်ပါယာမှာ အစွမ်းအထက်ဆုံး လူတစ်ယောက်ဖြစ်ပြီး အဆင့် ၈၇ မဟာ စိတ်ဝိဉာဉ်သူတော်စင်အဆင့်ပါ။

သူက ကောင်းကင်ကြယ်အင်ပါယာ နဂါးစာရင်းရဲ့ နံပါတ်တစ်လည်း ဖြစ်ပါတယ်။

ဒီအချိန်မှာတော့ အင်ပါယာ ယီယွင်က ပုလ္လင်ထက်မှာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အသွင်သဏ္ဍန်နဲ့ ထိုင်နေခဲ့တာပါ.။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now