Ch 456 to 460

219 19 0
                                    


Chapter 456 - ဂိုဏ်းသားအသစ်တွေရဲ့ အံ့သြထိတ်လန့်မှု

ယန်ချီက ပြောပြီးနောက် သူ့ရဲ့ လက်တွေကို ဖြန့်လိုက်တယ်။

ရှင်းရန်တောင်ထိပ်မှာ စုစည်းနေတဲ့ ဂိုဏ်းသားအသစ်တွေရဲ့ အမြင်မှာတော့ ယန်ချီက တကယ်ကို ရယ်စရာ ကောင်းတဲ့သူ တစ်ယောက်ပါ။

ဘာကြောင့်လဲဆိုတော့ ယန်ချီ ဒီလို လုပ်နေတာက သူ့မှာ တကယ်ကို ကောင်းကင်ဘုံနဂါးဝိဉာဉ်ရှိတယ်လို့ သက်သေပြချင်နေပုံပါပဲ။

ဒါပေမယ့်လည်း ဘယ်လိုဖြစ်ဖြစ် ယန်ချီက ကောင်းကင်ဘုံနဂါးဝိဉာဉ်မရှိနိုင်ဘူးဆိုတာ သိကြပါတယ်။

ဒါပေမယ့် သူတို့တွေရဲ့ အတွေးက လုံးဝကို လွဲမှားနေခဲ့တယ်။

သူတို့တွေအနေနဲ့ဒီကိစ္စကို သုံးရက် သုံးည စဉ်းစားခဲ့မယ်ဆိုရင်တော့ဘယ်လိုမှ တွေးလို့ရတဲ့ ကိစ္စ မဟုတ်ပါဘူး။

ယန်ချီရဲ့ လက်ကို ဖြန့်လိုက်ပြီးနောက် နဂါးတစ်ကောင်ရဲ့ ဟိန်းဟောက်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။

နဂါးရဲ့ ဟိန်းဟောက်သံနဲ့အတူ ခြေသည်းငါးခု ရွှေရောင်နဂါးတစ်ကောင် ထွက်ပေါ်လာခဲ့တယ်။

နဂါးရဲ့ ဟိန်းဟောက်သံက ကောင်းကင်အထိ လှိုင်းခတ်သွားခဲ့တာက တကယ်ကို ထိတ်လန့်ဖွယ်ကောင်းပါတယ်။

“ဘယ်လို ဖြစ်ပြီး ဖြစ်နိုင်မှာလဲ”

ရှင်းရန် တောင်ထပ်ရင်ပြင်မှာ ရှိနေကြတဲ့ ဂိုဏ်းသားအသစ်တွေ အားလုံး အံ့အားသင့်သွားကြပြီး သူတို့ရဲ့ မျက်နှာထက်မှာလည်း ထိတ်လန့်မှုတွေ ကြီးစိုးနေခဲ့တယ်။

“အဲ့ဒါ .. အဲ့ဒါ. . . အဲ့ဒါက ကောင်းကင်ဘုံနဂါးရဲ့ ဝိဉာဉ်လား”

ဂိုဏ်းသားအသစ် တစ်ယောက်က အထိတ်တလန့် ရေရွတ်မိလိုက်တယ်။

ရုတ်တရက် ခြေသည်းငါးခု ရွှေရောင်နဂါးတစ်ကောင်က ပျံသန်းထွက်ပေါ်လာပြီး ကောင်းကင်ဆီကို ထိုးတက် ပျံသန်းသွားခဲ့တယ်။

ဒီမြင်ကွင်းကြောင့် တောင်ထိပ် ရင်ပြင်တစ်ခုလုံး အပ်ကျသံ ကြားရလုမတက် တိတ်ဆိတ်သွားခဲ့တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now