Ch 466 to 470

206 21 0
                                    


Chapter 466 - ချင်ကျန်

ဦးလေးဖူလို့ခေါ်တဲ့ သက်လတ်ပိုင်းလူက ပြုံးလိုက်ပြီးနောက် ပြောလိုက်တယ်။

“သူ. . ”

ရုတ်တရက် ဦးလေးဖူက ယန်ချီကို မြင်လိုက်ရတာကြောင့် အံ့အားသင့်သွားခဲ့တယ်။

“ဒုတိယသခင်မလေး။ သူက .. .”

စံအိမ်ဝန်းထဲမှာ ရှိတဲ့ ချင်မျိုးနွယ် လူငယ်တွေကလည်း ယန်ချီကို ကြည့်နေခဲ့ကြတယ်။

သူတို့တွေက ယန်ချီရဲ့ မျက်နှာက ကျောက်စိမ်းအလား ချောမွေ့နေခဲ့ပြီး ပြိုက်ဖက်ကင်းအောင် ခန့်ညားသူ တစ်ယောက်ဆိုတာ တွေ့လိုက်ရတယ်။ ဒါပေမယ့်လည်း သူတို့တွေက အဲ့ဒီလူငယ်ကိုတခါမှ မမြင်ဖူးပါဘူး။

ဖြစ်နိုင်တာက  ..  စံအိမ်ဝန်းထဲမှာ ရှိနေကြတဲ့ ချင်မျိုးနွယ်လူငယ်တွေက အံ့အားသင့်ဖို့ကောင်းတဲ့ ဖြစ်နိုင်တာ တစ်ခုကို တွေးမိလိုက်တယ်။ အဲ့ဒါကတော့ အဲ့ဒီလူငယ်က ဒုတိယ သခင်မလေးရဲ့ ရည်းစားလား။

ဒီအကြောင်းကို တွေးမိလိုက်တော့ ချင်မျိုးနွယ်လူငယ်တွေက တစ်ယောက်ကို တစ်ယောက် ကြည့်မိလိုက်ကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ အမြင်မှာတော့ ဒုတိယသခင်မလေး ချင်က အလွန်တရာကို မာနကြီးသူ တစ်ယောက်ပါ။

“အင်း သူက .. .”

ချင်ရုရွှယ်တစ်ယောက် ယန်ချီကို ဘယ်လို မိတ်ဆက်ပေးရမလဲ မသိတော့ပါဘူး။

သူမအနေနဲ့ ယန်ချီက သူ့ရဲ့ အစစ်အမှန် နောက်ခံကို သိစေချင်စိတ်ရှိမရှိ သူမ မသိပါဘူး။

ဦးလေး ဖူလို့ ခေါ်တဲ့ သက်လတ်ပိုင်းလူက ချင်မျိုးနွယ်ခွဲတစ်ခုက ဖြစ်ပေမယ့် နာမည်ကြီး မျိုးနွယ်ဝင် တစ်ဦးဖြစ်တာကြောင့် ချင်ရုရွှယ်ဖြစ်ပျက်နေတဲ့ အခက်အခဲကို သိမြင်ပါတယ်။ ပြီးတော့ သူက ချင်ရုရွှယ်ရဲ့ မျက်နှာပေါ်က ရှက်ရွံ့မှုတွေကိုလည်း မြင်တွေ့နေပါတယ်။

“ဒုတိယ သခင်မလေး မျိုးနွယ်စုခေါင်းဆောင်က အဓိက ခန်းမကြီးထဲမှာ ရှိပါတယ်”

“ဟုတ် . .ဟုတ်. . ”

ချင်ရုရွှယ်လည်း ဒီစကားကို ကြားတော့ ပြုံးလိုက်မိတယ်။ သူမလည်း သူမရဲ့ အဖေကို မတွေ့ဖြစ်တာ အချိန် အတော်ကြာပါပြီ။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now