Ch 476 to 480

216 21 0
                                    


Chapter 476 - ငါ့နာမည်က ယန်ချီ

မင်းသား ယီဟိုင်လည်း ယန်ချီရဲ ခုခံနိုင်စွမ်းက ဒီလောက် အစွမ်းထက်လိမ့်မယ်လို့ မထင်မိပါဘူး။

သူက အဆင့် ၂၁ စိတ်ဝိဉာဉ်ဆရာသခင်အဆင့် ဖြစ်ပြီး ယန်ချီကလည်း သူ့အသက်အရွယ်လောက်ပဲ ရှိသေးပြီး သူ့ရဲ့ တိုက်ခိုက်မှုကြောင့် မည်သည့် ထိခိုက်ဒဏ်ရာမှ မရခဲ့ပါဘူး။

ယီဟိုင်ရဲ့ အမြင်အရတော့ ဒီကိစ္စက လုံးဝကို မဖြစ်နိုင်ဘူးလေ။

ဒါပေမယ့်လည်း ဒါက အိမ်မက်မဟုတ်ဘူးဆိုတာ သူ သိပါတယ်။

သူက ယန်ချီကို ကြည့်လိုက်ပြီး ယန်ချီရဲ့ နှုတ်ကနေ သူ့ရဲ့ လက်သီးချက်က ယန်ချီရဲ့ ခန္ဓာကိုယ်ပေါ်ကို ကျရောက်သွားတာတောင် ဘာမှ မဖြစ်တာလဲဆိုတာကို သိချင်နေခဲ့တယ်။

“ဘာကြောင့်လဲဆိုတော့ ” ယန်ချီက ယီဟိုင်ကို ကြည့်လိုက်ပြီး ပြောလိုက်တယ်။ “ငါ့အတွက်ကတော့ မင်းရဲ့ လက်သီးချက်က ကလိထိုးနေသလိုပဲလေ”

ဒီစကားကို ကြားတော့ ယီဟိုင်ရဲ့ မျက်နှာပေါ်မှာ ရှက့်ရွံ့မှုတွေ ပေါ်လာခဲ့တယ်။

“မင်းက ဘယ်သူလဲ”

စက္ကန့်အနည်းငယ်ကြာတော့ ယီဟိုင်တစ်ယောက် သတိပြန်ဝင်လာခဲ့တယ်။ သူက အရူးတစ်ယောက်တော့ မဟုတ်တဲ့ အတွက် ယန်ချီက အစွမ်းထက် စိတ်ဝိဉာဉ်ပညာရှင်မှန်း သိပါတယ်။

လူတိုင်းက ယန်ချီကို ကြည့်လိုက်ပြီး ယန်ချီက ဘယ်သူလဲဆိုတာ သိချင်ခဲ့ကြတယ်။ မင်းသား ယီဟိုင်ဆိုတာကလည်း အင်ပါယာမြို့တော်မှာ ပါရမီရှင်တစ်ယောက်အဖြစ် လူသိများတယ်လေ။

“ငါ့ နာမည်က ယန်ချီ ”

ယန်ချီလည်း သူ့အကြောင်းကို ဘာမှ ဖုံးကွယ်ထားစရာ မလိုတဲ့အတွက် အမှန်အတိုင်း ပြောလိုက်တယ်။

“ယန် ..  ယန်ချီလား”

ယီဟိုင်နဲ့ ကျန်တဲ့ လူတွေကလည်း ဒီနာမည်ကို ကြားတော့ အံ့သြမှင်သက်သွားကြတယ်။

တကယ်တော့ သူတို့အားလုံးက ယန်ချီဆိုတဲ့ နာမည်ကို ကြားဖူးကြပါတယ်။

လင်ဂိုဏ်းရဲ့ အဓိက တပည့်ကြီးဖြစ်သူ ယန်ချီက အင်ပါယာမြို့တော် ဆျှိုလုံမျှော်စင်မှာ ထိန်းသိမ်းထားတဲ့ ကောင်းကင်ဘုံနဂါးဝိဉာဉ်ကို ဖမ်းဆီးခဲ့တာကို အင်ပါယာမြို့တော် တစ်ခုလုံး သိရှိကြပါတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now