Ch 496 to 500

198 18 0
                                    


Chapter 496 - လင်ဂိုဏ်းကို ပြန်ရောက်ခြင်း

အနောက်ဖက် မရဏ တောင်တန်း…

အဲ့ဒီနေရာက ကောင်းကင်ကြယ်အင်ပါယာမှာ ကြောက်စရာ အကောင်းဆုံးနေရာ တစ်ခုပါ။

ပြီးတောက နတ်ဆိုးမိစ္ဆာတွေ အများဆုံးစုဝေးတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

အနောက်ဖက် မရဏတောင်တန်းမှာ ဟင်းလင်းပြင်ကြေးမုံ ဘုရင်ရဲ့ ဒုတိယအစိတ်အပိုင်းရှိလိမ့်မယ်လို့ ယန်ချီ မမျှော်လင့်မိပါဘူး။

သူရဲ့ လက်ရှိစွမ်းအားက အစွမ်းထက်တယ်ဆိုပေမယ့်လည်း သူသာ အနောက်ဖက် မရဏတောင်တန်းကို သွားမယ်ဆိုရင် သေဖို့ အလွန်နီးစပ်ပါတယ်။

ယန်ချီလည်း ထပ်မတွေးတာ့ပဲ အင်ပါယာမြို့တော်ဆီကိုပြန်လာ ခဲ့တယ်။

အင်ပါယာမြို့တော်ကို ပြန်ရောက်ပြီးနောက် ယွဲ့ချင်းဂဲကတော့ သူမရဲ့ မျိုးနွယ်ဆီကို ပြန်သွားခဲ့တယ်။

ယန်ချီလည်း  ချင်မျိုးနွယ်စံအိမ်ကိုပဲပြန်လာခဲ့တယ်။

ချင်ရုရွယ်ကတော့ လင်ဂိုဏ်းကို မပြန်သေးပါဘူး။

သူမက ယန်ချီ ပြန်ရောက်လာတာကို မြင်တော့ သူမရဲ့ ဖြူလွှလွှ မျက်နှာထက်မှာ အံ့အားသင့်တဲ့ အငွေ့အသက်တွေ ပေါ်လာခဲ့တယ်။

“စီနီယာ အစ်ကိုကြီး ရှင်ပြန်လာတယ်ပေါ့”

“အင်း ”

ယန်ချီက ခေါင်းညိတ်လိုက်တယ်။

“စီနီယာ အစ်ကိုကြီး ဂိုဏ်းခေါင်းဆောင်က ကျွန်မတို့ကို ပြန်ခေါ်နေပြီ”

ချင်ရုရွယ်က ပြောလိုက်တယ်။

“ဂိုဏ်းခေါင်းဆောင်က ပြန်လာ ခိုင်းနေပြီလား”

ယန်ချီလည်း ချင်ရုရွယ်ရဲ့ စကားကြောင့် မှင်သက်သွားခဲ့တယ်။ တခုခုများ ဖြစ်ပျက်နေလို့များလား။

အဲ့ဒီနောက်တော့ စကား ထပ်မပြောကြတော့ပဲယန်ချီနဲ့ ချင်ရုရွယ်တို့နှစ်ယောက် လင်ဂိုဏ်းကို ပြန်လာခဲ့တယ်။

. . . . .. . .

လင်ဂိုဏ်း . . . .

ယန်ချီနဲ့ ချင်ရုရွယ်တို့နှစ်ယောက်လည်း အဓိက တောင်ထိပ်ကိုပဲ ပြန်လာခဲ့တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now