Ch 516 to 520

188 22 0
                                    


Chapter 516 - စိတ်ဝိဉာဉ်အင်ပါယာ တစ်ယောက်ရဲ့ စွမ်းအား

အဆင့် ရှစ် ခရမ်းရောင် အစင်းကြား နတ်ဆိုးကျားက ယန်ချီကို ခက်ထန်စွာ ကြည့်ပြီး ပြောလိုက်တယ်။

“လူသား ဟင်းလင်းပြင်ကြေးမုံဘုရင်ရဲ့ ဒုတိယ အစိတ်အပိုင်းက ငါတို့ ခရမ်းရောင် အစင်းကြားနတ်ဆိုးကျားမှာ ရှိတယ်လို့ မင်းသိတာတောင် ဘာကြောင့် လာရဲသေးတာလဲ ”

အဆင့်ရှစ် ခရမ်းရောင် အစင်းကြားနတ်ဆိုးကျား ရဲ့ အမြင်မှာတော့ ယန်ချီက သေဖို့ လာတာနဲ့ တူနေခဲ့တယ်။

အဆင့်ရှစ် ခရမ်းရောင် အစင်းကြားနတ်ဆိုးကျားရဲ့ အနောက်မှာ ရှိနေတဲ့ ရာချီသော ခရမ်းရောင် အစင်းကြားနတ်ဆိုးကျား တွေကလည်း ယန်ချီကို လှောင်ပြောင် တဲ့အကြည့်နဲ့ ကြည့်နေခဲ့တယ်။

သူတို့တွေက ယန်ချီကို အနည်းငယ် ရယ်စရာ ကောင်းတဲ့လူတို့ ထင်နေခဲ့ကြပြီး သူတို့ရဲ့ ခရမ်းရောင် အစင်းကြားနတ်ဆိုးကျား မျိုးနွယ်ရဲ့ နယ်မြေကိုတောင် ကျူးကျော်ရဲတယ်လို့ တွေးနေခဲ့ကြတယ်။

“ဒါက ရှင်းရှင်လေးပါ။ ဘာကြောင့်လဲဆိုတော့ ငါတို့တွေက ခရမ်းရောင် အစင်းကြားနတ်ဆိုးကျားမျိုးနွယ်ကို မကြောက်လို့ပေါ့”

ယန်ချီက ပေါ့ပေါ့ပါးပါး ပြောလိုက်တယ်။

“ဘာ. . .”

ဒီစကားကို ကြားတော့ ရာချီသော ခရမ်းရောင် အစင်းကြားနတ်ဆိုးကျားတွေအားလုံး မှင်သက်စွာ ရေရွတ်မိလိုက်ကြတယ်။ ဘယ်လိုဖြစ်ဖြစ် ယန်ချီက ဒီစကားကို ပြောလိမ့်မယ်လို့ သူတို့တွေ လုံးဝ မထင်မိပါဘူး။

“လူသား မင်း. . . မင်း ဘာပြောတာလဲ”

အဆင့်ရှစ် ခရမ်းရောင် အစင်းကြားနတ်ဆိုးကျားက ယန်ချီကို အေးစက်စက်စိုက်ကြည့်နေခဲ့တယ်။

ယန်ချီကတော့ တည်ငြိမ်စွာနဲ့ အဆင့်ရှစ် ခရမ်းရောင် အစင်းကြားနတ်ဆိုးကျားကို ပြန်ကြည့်ပြီးမေးလိုက်တယ်။

“ဒီစကားက ထူးဆန်းနေလို့လား”

အဆင့်ရှစ် ခရမ်းရောင် အစင်းကြားနတ်ဆိုးကျားကတော့ ယန်ချီက သူတို့ ခရမ်းရောင် အစင်းကြား နတ်ဆိုးကျား မျိုးနွယ်နယ်မြေထဲ ကျူးကျော်ရဲတယ်ဆိုတာ သူတို့ရဲ့ အစွမ်းကို မသိတာကြောင့် ပြောနေတာ ဖြစ်ရမယ်လို့ တွေးနေခဲ့တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now