Ch 521 to 525

201 21 0
                                    


Chapter 521- အင်ပါယာ နန်းတော်သို့ နောက်တစ်ကြိမ်

ဒီလိုနဲ့ ယန်ချီနဲ့ သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာတို့နှစ်ဦးက လင်ဂိုဏ်းကို ပြန်လည်ရောက်ရှိလာခဲ့တယ်။

ပြန်ရောက်တော့ သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာက ယန်ချီကို ကြည့်ပြီး ပြောလိုက်တယ်။

“ယန်ချီ ငါ ပြန်တော့မယ်”

“စီနီယာ ခင်ဗျား ဘယ်ကို သွားမလို့လဲ”

“အလယ်ပိုင်းဒေသ ကောင်းကင်ဘုံဓါးဂိုဏ်း”

“ကောင်းကင်ဓါးဂိုဏ်းလား”

ယန်ချီက စိတ်ဝိဉာဉ်ကုန်းမြေမှာ အကြီးမားဆုံး နယ်မြေတစ်ခုဖြစ်တဲ့ အလယ်ပိုင်းနယ်မြေအကြောင်း သိပါတယ်။

ဒါပေမယ့်လည်း သူက ကောင်းကင်ဓါးဂိုဏ်းဆိုတာကို တခါမှ မကြားဖူးပါဘူး။ နာမည်အရဆိုရင် ကောင်းမွန်တဲ့ ဂိုဏ်းတစ်ခု ဖြစ်နိုင်ပါတယ်။

“တကယ်တော့ ငါ ပျောက်နေတဲ့ အချိန်တွေမှာ ငါက ကောင်းကင်ဓါးဂိုဏ်းကို ရောက်နေတာ။ ငါက အဆင့် ၉၂ စိတ်ဝိဉာဉ်အင်ပါယာဆိုပေမယ့်လည်း ကောင်းကင်ဓါးဂိုဏ်းမှာတော့ အကြီးအကဲတစ်ယောက်ပဲ”

“ကောင်းကင်ဓါးက စိတ်ဝိဉာဉ်ကုန်းမြေမှာ နာမည်ကြီး ဂိုဏ်းတစ်ခုပဲ။ ယန်ချီ မင်း ရောက်လာမှာကို ငါ စောင့်နေမယ်”

အဲ့ဒီလို ပြောလိုက်ပြီးနောက် သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာက ယန်ချီကို စိမ်းပြာရောင် တံဆိပ်ပြားတစ်ခု ပေးလိုက်တယ်။

အဲ့ဒီ စိမ်းပြာရောင်တံဆိပ်ပြားပေါ်မှာတော့ ဓါးဆိုတဲ့ စာလုံးတစ်လုံးသာ ပါဝင်တယ်။

ယန်ချီက တံဆိပ်ပြားကို ယူလိုက်တယ်။

ကောင်းကင်ကြယ်အင်ပါယာမှာ သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာတစ်ယောက် သေဆုံးသွားပြီဆိုတဲ့ ကောလဟာလဖြစ်နေခဲ့တာတာ ယန်ချီ အံ့သြမနေတော့ပါဘူး။ သူက အလယ်ပိုင်းနယ်မြေမှာ ရှိတဲ့ ကောင်းကင်ဓါးဂိုဏ်းကို ရောက်နေတာကိုး။

“မစိုးရိ့မ်ပါနဲ့ စီနီယာ ကျွန်တော် လာခဲ့ပါ့မယ်”

ယန်ချီက သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာကို ပြောလိုက်တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now