Ch 536 to 540

224 18 0
                                    


Chapter 536 - အဆင့်မြင့် ဆက်နွယ်မှု လက်နက်

ဒီအချိန်မှာတော့ ထောင်ချီတဲ့ စစ်သည်တွေက ကျားသစ်နဂါးမြင်းတွေကိုစီးပြီး တန်းစီကွင်းထဲမှာ ရပ်စောင့်နေခဲ့ကြတယ်။

သူတို့တွေအားလုံးက သူတို့ရဲ့ တပ်မှူးအသစ်ရောက်လာမှာကို စောင့်ဆိုင်းနေကြတယ်။

အဲ့ဒီအချိန်မှာပဲ မိုရုံတစ်ယောက် စင်မြင့်ပေါ်ကို ဖြေးညှင်းစွာ တက်လာခဲ့တယ်။

မိုရုံက ကျားသစ်နဂါးမြင်းတပ်ရဲ့ လက်ထောက်တပ်မှူး တစ်ယောက်ပါ။

“ငါတို့ရဲ့ ကျားသစ်နဂါးမြင်းတပ်မှာ တပ်မှူးအသစ်တစ်ယေက် ရှိနေပြီဆိုတာ မင်းတို့အားလုံး သိကြမှာပါ”

မိုရုံက တန်းစီနေတဲ့ စစ်သားတွေကို ကြည့်ပြီး ပြောလိုက်တယ်။

“မင်းတို့အားလုံးကို ဆင့်ခေါ်လိုက်တဲ့ ရည်ရွယ်ချက်က တပ်မှူးအသစ်နဲ့ မိတ်ဆက်ပေးမလို့ပဲ”

ရုတ်တရက် စစ်သည်တစ်ယောက်က ယန်ချီကို အချက်ပြလိုက်တယ်။

ယန်ချီက ဒီစကားကို ကြားတဲ့အခါ စင်မြင့်ပေါ်ကို ဖြေးညှုင်းစွာ တက်လာခဲ့တယ်။

ယန်ချီ စင်ပေါ်ကို တက်လာတာ မြင်တော့ ကျားသစ်နဂါးမြင်းတပ်ာ စစ်သည်တွေအားလုံး ရဲ့ မျက်နှာထက်မှာ နားမလည်နိုင်တဲ့ အမူအယာ ပေါ်လာခဲ့တယ်။

ယန်ချီက ဘာကြောင့် စင်မြင့်ပေါ်ကို တက်လာရလဲဆိုတာကို သူတို့တွေ နားမလည်တာ ထင်ရှားနေပါတယ်။

ဖြစ်နိုင်တာက. . . စစ်သည်တွေအားလုံးက အံ့အားသင့်ဖွယ်ကောင်းတဲ့ ဖြစ်နိုင်တာ တစ်ခုကို တွေးမိလိုက်တယ်။

ဒီအတွေးကြောင့် သူတို့မျက်လုံးတွေက ပြူးကျယ်သွားခဲ့ကြတယ်။

“အဲ့ဒီလူက ငါတို့ရဲ့ တပ်မှူးလား”

ဒီအကြောင်းကို တွေးမိလိုက်ကြတော့ ကျားသစ်နဂါးမြင်း တပ်သားတွေအားလုံး ထိတ်လန့်တုန်လှုပ်သွားကြတယ်။

သူတို့ရဲ့ အမြင်အရ ဒါက လုံးဝကို မဖြစ်နိုင်တဲ့ ကိစ္စလေ။

ဘာကြောင့်လဲဆိုတော့ ယန်ချီကို ကြည့်ရတာ အသက် ဆယ့်ခုနှစ်နှစ် ဆယ့်ရှစ်လောက်ပဲ ရှိပုံရသေးလို့ပါ။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now