Chapter(26.1)

359 67 3
                                    

Chapter(26)တုန်တုန်

လင်းယုတုန်က အတိအကျကို ကျန်းရီဖေးနှင့်အတူ မကြိုးစားကြည့်ခဲ့ပေမဲ့ သူက ရဲ့ဟန်ရင်းနှင့်ပတ်သက်သည့်အရေးကိစ္စကို သူတကယ်ကိုဂရုစိုက်သည့်အတွက် သူ့ပစ်မှတ်ကို ဝမ်ဘိုထံလှည့်လိုက်သည်။

ဝမ်ဘိုသည် အခု ကျန်းရီဖေးဘက်မှာ တည်ရှိနေပြီး ကျန်းမိသားစုနှင့်ရဲ့ဟန်ရင်း၏ရင်းနှီးမှုအရ ဒီလူက ကျန်းမိသားစုထံလာရောက်တတ်မှာဖြစ်လို့ ဝမ်ဘိုက တစ်ခုခုတော့သိလိမ့်မည်။

ကျန်းအိမ်မှာတုန်းက ဦးလေးဝမ်သည် အိမ်တော်ထိန်းတစ်ယောက်ဖြစ်လို့ မနက်ကနေ ညနေအထိ စီစဉ်ညွှန်ကြားစရာ လုပ်စရာတွေအများကြီးရှိပေမဲ့ ကျန်းရီဖေး၏တိုက်ခန်းကိုရောက်လာတော့ လင်းယုတုန်က အရာအားလုံးနီးပါးကိုလုပ်ဆောင်တာကြောင့် သူကိုယ်တိုင်လုပ်ဆောင်ရတာက လသာဆောင်က ပန်းတွေကိုရေလောင်းပေါင်းသင်တာ ဒါမှမဟုတ် အမှိုက်ပစ်တာလိုမျိုး အနည်းအကျဉ်းသာရှိသည်။

တစ်နေ့ ကျန်းရီဖေး အလုပ်သွားပြီး လင်းယုတုန် အတန်းကနေ ပြန်လာတော့ အမှိုက်လာပစ်သည့် ဦးလေးဝမ်ကိုတွေ့ပြီး ဦးလေးဝမ်နှင့်စကားစမြည်ပြောရင်း အိမ်ပြန်လာခဲ့သည်။

လင်းယုတုန် "ဟန်ရင်းလို့ခေါ်တဲ့ ရဲ့မျိုးနွယ်ကိုတွေ့ဖူးလား"

ဦးလေးဝမ် "ကျွန်တော်မြင်ဖူးတယ်။သူက မစ္စရီနင်နဲ့ချစ်သူဘဲ။ကျန်းအိမ်မှာ နာမည်ကြီးဘဲ။သခင်လေးကတော့ အိမ်ခဏ ခဏမပြန်လာတော့ မသိဘူး"

ဦးလေးဝမ်မျက်မှောင်ကြုတ်နေတာမြင်တော့ လင်းယုတုန်က ထပ်မေးလိုက်တယ် "အဲဒါက ဘယ်အချိန်လောက်ကတည်းကလဲ?"

"လွန်ခဲ့တဲ့သုံးနှစ်လောက်ကတည်းက စတာဖြစ်နိုင်တယ်" လို့ ဝမ်ဘို မပြောခင်မှာ လင်းယုတုန်က ဒီအကြောင်းကို ပိုသိချင်တာကို နားလည်တာကြောင့်ဖြစ်နိုင်သည်။ဝမ်ဘိုက ဘာမှမဖုန်းကွယ်ထားဘဲ ဆက်ပြောလိုက်တယ်။

"တကယ်တော့ မစ္စရီနင်က ဒီနှစ်မှာအသက်၂၂နှစ်ဘဲရှိသေးတယ်ဆိုတော့ မစ္စတာရဲ့နဲ့တွေ့တဲ့အချိန်မှာ သူမက အသက်၂၀မပြည့်သေးဘူး။မစ္စရီနင်က မစ္စတာရဲ့အိမ်လာလည်တဲ့အခါတုန်းက သူ့ချစ်သူလို့ ပြောပြီး သခင်နဲ့သခင်မက ကြိုဆိုကြတယ်။နောက်တော့ မစ္စတာရဲ့က ကျန်းအိမ်ကို မကြာခဏလာလည်တယ်"

ရွှေရောင်လွှမ်းသောလက်ထပ်ခြင်း(ပြန်လည်မွေးဖွာခြင်း)  ရွှေရောင်လွှမ်းသောလက်ထပ်ခြင်းWhere stories live. Discover now