Ch 541 to 545

217 18 0
                                    

Chapter 541 - ဓားကို အရူးအမူးဆွဲထုတ်ခြင်း

ယန်ချီက သူမရဲ့စကားကိုကြားပြီးတဲ့နောက်မှာ ရပ်တန့်လိုက်ပြီး သူမကို နားမလည်နိုင်စွာနဲ့ ကြည့်လိုက်တယ်။

ကျိုးဇီက ယန်ချီရဲ့အကြည့်ကြောင့် ခေါင်းငုံ့လိုက်တယ်။

"စီနီယာ...ကျွန်မ ရှင်နဲ့အတူ လိုက်လို့ရမလား"

"မင်းပြောချင်တာက......"

ကျိုးဇီတစ်ယောက် ဘယ်လိုဆက်ပြောရမှန်း မသိတော့ပါဘူး။

ယန်ချီက သူ့ကိုယ်သူ ခန့်ညားတယ်လို့ တွေးမိပြီးနောက် တိတ်တဆိတ် ခေါင်းခါလိုက်မိတယ်။ဒီအတွက်နဲ့ သူ့အနောက် မလိုက်သင့်ဘူးလေ။

ဖြစ်နိုင်တာက သူ့အနေနဲ့ အရမ်းကို ဆွဲဆောင်မှုရှိနေလို့များလား။

ဘာစကားမှထပ်ပြောမနေတော့ဘဲ ယန်ချီက ရွာအပြင်ကိုလျှောက်သွားခဲ့တယ်။

ကျိုးဇီက  ယန်ချီတစ်ယောက် ရွာအပြင်ကိုလျှောက်သွားတာကိုမြင်တော့ အနောက်ကနေ လိုက်ပါသွားခဲ့တယ်။

ယန်ချီက သူမကို ရွာအပြင်ကနေ စောင့်ဆိုင်းနေခဲ့တယ်။

"စီနီယာ....ရှင် ဘာကိုစောင့်နေတာလဲ"

ကျိုးဇီရဲ့ဖြူလွှလွှမျက်နှာထက်မှာ နားမလည်နိုင်မှုတွေနဲ့ မေးလိုက်တယ်။

"မင်းမှာ ပြောစရာစကားတွေ အများကြီးရှိပုံပဲ"

ယန်ချီက ကျိုးဇီကိုကြည့်ပြီး မေးလိုက်တယ်။

ဒီစကားကိုကြားတော့ ကျိုးဇီက ဘာစကားမှဆက်မပြောတော့ဘဲ ခေါင်းငုံ့လိုက်ပြန်တယ်။

သိပ်မကြာခင်မှာပဲ မိုရုံနဲ့ ကျားသစ်နဂါးမြင်းတွေကို စီးနင်းလာတဲ့ ကပ္ပတိန်တွေ ပြန်လည်ရောက်ရှိလာခဲ့တယ်။

သူတို့တွေရဲ့မျက်နှာထက်မှာ စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။

ရွာအသီးသီးတွေကို သိမ်းပိုက်ထားတဲ့ နတ်ဆိုးသားရဲတွေကို ရှင်းလင်းပြီးတာ ထင်ရှားနေခဲ့တယ်။

"တပ်မှူး....."

မိုရုံ တဲ့ ကပ္ပတိန်တွေက ယန်ချီအရှေ့ကိုလျှောက်လာပြီး ယန်ချီကို တညီတညာထဲနှုတ်ဆက်လိုက်ကြတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now