One Shot

1.2K 94 22
                                    

**At Blue House ( President's Mansion )


ကုတင်ပေါ်တွင် ဖြူဖျော့စွာ လဲလျောင်းနေသော အသက် ၂၀နှစ်ခန့်အရွယ် ကောင်မလေးတစ်ယောက်... ကုတင်ပတ်ပတ်လည်တွင် စိုးရိမ်ပူပန်နေသောမျက်လုံးများ...


" ဆရာ သမီးလေး ဘယ်လိုနေသေးလဲ"

ဒေါက်တာ ခေါင်းကို ဖြေးညှင်းစွာ ခါလိုက်သည်။


" သမီးရောဂါက ပိုပိုဆိုးလာတယ်.. အမြန်ဆုံး operationလုပ်ဖို့ ကျွန်တော်တိုက်တွန်းပါရစေ သမ္မတကြီး"


သမ္မတကြီးနှင့် သူ့ဘေးမှာရပ်နေသော သမ္မတကြီးကတော်တို့ ခေါင်းတွေငိုက်စိုက်ကျသွားသည်။


" ကျွန်တော် လည်း အမြန်ဆုံး ခွဲစိတ်စေချင်တာပေါ့ဗျာ.. ဒါပေမယ့် သမီးလေးက .." စကားရှေ့မဆက်နိုင်တော့ဘဲ သက်ပြင်းအကြီးကြီးချလိုက်မိသည်။ ကုတင်ပေါ်တွင် အ၀တ်စလေးတစလို ပါးလှပ်လှပ်ခနာကိုယ်လေးဖြင့် လှဲလျောင်းနေသော တဦးတည်းသောသမီးလေးကို ကြည့်ရင်း အသနားကြီးသနားမိသည်။

မွေးကတည်းက ချူချာလွန်းသော သမီးလေးကို သိပ်ချစ်လွန်း၍ အပြင်ကိုမထွက်ခိုင်းဘဲ အိမ်ထဲမှာသာ လှောင်ပိတ်ထားမိသည်။ စာကိုလည်း စာသင်ကျောင်းသို့ သွားမသင်စေဘဲ အိမ်မှာသာ ဆရာခေါ်၍ သင်ယူစေသည်။် သူ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိသွားတော့ ပို၍ဆိုးသွားသည်။ အပြင်သွားလျှင် သမီးလေး အန္တရယ်ရှိမည်စိုး၍ အိမ်ထဲ၌သာ ပိတ်ထားခဲ့သည်။ ဆေးရုံမှလွဲ၍ သူဘယ်ကိုမှ မရောက်ဖူးပါ။


သမီးလေးတွင် သူငယ်ချင်းဟူ၍ ဆေးရုံအတူတူတက်ခဲ့သော သမီးနှင့်ကုတင်ချင်းကပ်ရက် ကောင်မလေးတစ်ဦးသာရှိခဲ့သည်။

တစ်နေ့မှာ သမီးသူငယ်ချင်းကောင်မလေး ခွဲစိတ်ခန်းထဲ ၀င်သွားပြီး ပြန်ထွက်လာတော့ အသက်မပါလာတော့။ သမီးလေးဘ၀မှာ ၀မ်းအနည်းဆုံးနေ့ဖြစ်ခဲ့သည်။

ထိုအချိန်မှစ၍ သမီး၏စိတ်ထဲတွင် ခွဲစိတ်ခန်းဟူသောအရာသည် လူ့အသက်ကို ထုတ်နုတ်ယူသောအခန်းဟု တရားသေသတ်မှတ်လိုက်တော့သည်။

GODS OF THE EAST ( One Shot )Where stories live. Discover now