ဖူးစာဆိုသည်မှာ💕short fic

291 8 0
                                    

"ကျွန်တော်လက်မခံဘူးမား၊ရှောင်းကလွဲရင်ဘယ်သူ့မှလက်မထပ်
နိုင်ဘူး"

''မရဘူးမင်း သားကျန်းချန်ကိုပဲလက်ထပ်ရမယ်"

''ကျန်းချန်ကိုသားမချစ်ဘူးလို့ဘယ်နှစ်ခါပြောရမှာလဲမားသဘောမတူရအောင်ရှောင်းကဘာဖြစ်နေလို့လဲ''
ရှောင်းကရုပ်ချောတယ်ဆေးကျောင်းသားကျောင်းမှာဆိုစာလဲအရမ်းတော်တယ်''

''ငါ့ရှေ့မှာသူ့ကိုချီးမွန်းခန်းဖွင့်မနေနဲ့ငါမတူဘူးဆိုမတူဘူးပဲ''

''မား...!!!

"ငါ့ကိုလာမအော်နဲ့သားကျန်းချန်ကဘယ်လောက်ချစ်စရာကောင်းလဲအဖက်ဖက်ကပြည့်စုံနေတာအပြစ်ပြောစရာမရှိအဆင့်အတန်းလဲမြင့်တယ်''

''မားပြောတဲ့အဆင့်အတန်းကချမ်းသာတာကိုပြောနေတာလား။ရှောင်းကလဲတချိန်ချိန်မှာDrဖြစ်လာရင်ချမ်းသာလာမှာပဲ''

"တိတ်စမ်းမင်းသူ့ကိုရွေးတဲ့နေ့ငါ့ကိုယ်ငါသတ်သေမဲ့နေဆိုတာမင်းမြဲမြဲမှတ်ထား''
မင်းတို့ကိုငါရအောင်ခွဲမယ်"

''မား...မား!!!"
leoစိတ်တိုစွာအခန်းထဲသောင်းကျန်းပစ်လိုက်တယ်။သူရှောင်းကိုချစ်ခဲ့တာထာဝရအတွက်လေ လမ်းခွဲဖို့အတွက်မဟုတ်ဘူး။

leoတိတ်တဆိတ်ငိုကြွေးရင်းအရင်ကအကြောင်းတွေခေါင်းထဲပန်ရောက်လာတယ်။
ရှောင်းနဲ့သူကော်ဖီဆိုင်လေးတခုမှစတင်တွေ့ခဲ့တာ။အသားဖြူဖြူ၊ပြုံးလိုက်ရင်အရမ်းလှတာ၊ပြီးတော့နှုတ်ခမ်းအောက်ကမှဲ့နက်လေး။မြင်မြင်ချင်းအချစ်ကိုမယုံပေမဲ့ရှောင်းကိုတော့မြင်မြင်ချင်းချစ်မိခဲ့တာ။

ဒါကြောင့်ရှောင်းကိုရအောင်လိုက်ခဲ့တာ။
ရှောင်းကကျွန်တော့ကိုစိတ်မဝင်စားဘူးတဲ့လေ။ကျွန်တော်လက်မလျှော့ပဲအတင်းလိုက်ခဲ့ရတာ။နောက်ဆုံးကျွန်တော့အချစ်ကိုလက်မခံရင်အပိုင်သိမ်းပစ်မယ်လို့ချိန်းခြောက်မှလက်ခံခဲ့တာ။

မတရားမှန်းသိပေမဲ့အချစ်နဲ့စစ်မှာမတရားတာမရှိဘူးလေဟုတ်တယ်မို့လား။ရှောင်းက ကျွန်တော့ကိုလက်ခံတော့အရမ်းပျော်လိုက်တာဗျာ။ဒါပေမဲ့ရှောင်းနဲ့ကျွန်တော်တွဲနေပေမဲ့တခြားချစ်သူတွေလိုနမ်းခွင့်မပေးဘူးလက်ကိုင်ခွင့်ပဲရတယ်။ကျေနပ်ပါတယ်လေတနေ့နေ့တော့ရှောင်းကခွင့်ပြုမှာပဲလေ။

ဖူးစာဆိုသည်မှာМесто, где живут истории. Откройте их для себя