Ch 561 to Ch 565

200 13 0
                                    

chapter 561 - ဟိုတျန်း နတ်ဆိုးတူရဲ့တည်နေရာ

"စိတ်၀ိဉာဥ်သူတော်စင် အဆင့်လား"

ယန်ချီလည်း အံ့အားသင့်သွားခဲ့တယ်။

သူက သူ့ရဲ့ကျင့်စဥ်အဆင့်ကိုစစ်ဆေးကြည့်လိုက်တော့ အဆင့် ၇၁ စိတ်၀ိဉာဥ်သူတော်စင်အဆင့်ကိုရောက်နေတာ သိလိုက်ရပါတယ်။

ဒီအတွက် ယန်ချီရဲ့မျက်နှာထက်မှာ အလွန်စိတ်လှုပ်ရှားတဲ့ အမူအယာနဲ့ ပြည့်နှက်နေခဲ့တယ်။

လက်ရှိမှာတော့ သာလွန်ကောင်းကင်အဆင့် ကျင့်ကြံခြင်းနည်းစနစ် ဓားအကြိမ် သန်းထောင်ပေါင်းများစွာဆွဲထုတ်ခြင်း သတ္တမအဆင့်ရဲ့အကြိမ် သန်း ၃၀ကို ဆွဲထုတ်ပြီးပါပြီ။

ဒီအချိန်မှာ သူက စိတ်၀ိဉာဥ်သူတော်စင်အဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်။

ဒီအတွက် လာမယ့် အနာဂတ်ကိုမျှော်တွေးလို့ ရနေခဲ့တယ်။

စိတ်၀ိဉာဥ်သူတော်စင်ရဲ့အထက်မှာ မဟာစိတ်၀ိဉာဥ်သူတော်စင်ရှိပြီး အဲ့ဒီ့အထက်မှာတော့ စိတ်၀ိဉာဥ်အင်ပါယာအဆင့်ရှိပါတယ်။

စိတ်၀ိဉာဥ်သူတော်စင်အဆင့်ဖြစ်လာပြီဆိုတော့ သူက ရှစ်ခုမြောက်စိတ်၀ိဉာဥ်လက်နက်ကို ပေါင်းစပ်နိုင်မယ်လို့ဆိုလိုတာပါ။

ဒါပေမဲ့လည်း သူက ကောင်းမွန်တဲ့စိတ်၀ိဉာဥ်လက်နက်ကိုရှာချင်ပေမဲ့လည်း ဒီကိစ္စက လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။

ဒီအတွက် ယန်ချီတစ်ယောက် အနည်းငယ် စိတ်ပျက်နေခဲ့တယ်။

"ဒင်....ပိုင်ရှင်က စိတ်၀ိဉာဥ်သူတော်စင်အဆင့်ကို တက်လှမ်းနိုင်တဲ့အတွက် ဂုဏ်ပြုပါတယ်။ပြီးတော့ အထူးရတနာသေတ္တာတစ်လုံး ရရှိပါတယ်"

စနစ်ရဲ့အသံက ယန်ချီရဲ့စိတ်ထဲ ထပ်မံထွက်ပေါ်လာခဲ့တယ်။

"အထူးရတနာသေတ္တာတစ်ခုလား"

ယန်ချီက ကံကောင်းတယ်လို့တွေးနေစဥ်မှာပဲ နောက်ထပ်ကံကောင်းမှုများ ထပ်ရောက်မလား တွေးနေခဲ့တယ်။

သူက အထူးရတနာသေတ္တာကို ဖွင့်ကြည့်လိုက်တယ်။

"ကောင်းကင်အဆင့် အဆင့်မြင့် စိတ်၀ိဉာဥ်လက်နက် ဟိုတျန်းနတ်ဆိုးပုဆိန်ရဲ့ တည်နေရာကို ရရှိပါတယ်"

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now