မူနွဲ့ချစ်သော မမကြီး Part 1
မူနွဲ့ သူမရှေ့က ခမ်းနားထည်ဝါတဲ့ အနီရောင်အုတ်နီခဲတွေနဲ့ဆောက်ထားတဲ့အိမ်ကြီးကို တအံ့တဩကြည့်မိတယ်
ဒါဟာ အရေးပိုင်မင်းတို့အိမ်ပါလား
"လာလာ ကလေးမ အရေးပိုင်မင်းက တအောင့်နေပြန်ရောက်တော့မယ်"
မူနွဲ့လည်း အဝတ်ထုပ်ပိုက်ကာ အိမ်ကြီးထဲခပ်သွက်သွက်လိုက်ရသည်
" ကြီးတော်ဆွေရေ "
ခေါ်သံကြောင့် သူမရှေ့က ခပ်သုတ်သုတ်လျှောက်နေတဲ့ ကြီးတော်ဟာ မြန်မြန်လှည့်ကာထူးသည်
"ရှင် အရေးပိုင်မင်း"
"ကျွန်တော့်ရဲ့ ဂျူလီယာသောင်းအေးလေး စားဖို့ရာ ထမင်းပွဲ မြန်မြန်ပြင်ချည်"
"အို ကိုကိုနော် ဂျူလီယာ့ကို သောင်းအေးဆိုတာကြီးထည့်မခေါ်ပါနဲ့လို့"
ခပ်လော်လီလီ မိန်းမက အရေးပိုင်မင်းလက်ကို မှီတွဲကာပြောနေပုံကို မူနွဲ့မျက်လုံးအပြူးသား ကြည့်နေမိသည် ဒီလိုမိန်းမမျိုးအား သူမမှမမြင်ဖူးဘဲ
"ချစ်လို့စတာပါ ဟန်နီရာ"
"ကိုမြတ်သာဒင်"
ထိုအချိန်မှာဘဲ နူးညံ့သိမ်မွေ့ပေမဲ့ မာန်တစ်မျိုးရှိနေတဲ့ မိန်းမပျိုအသံကို မူနွဲ့ကြားလိုက်ရတယ်
အသံကြားရာလှေကားထိပ်ဆီကြည့်မိတော့ အလို တင့်တယ်ခြင်းတရားနဲ့ပြည့်စုံနေတဲ့အမျိုးသမီးကိုတွေ့လိုက်ရတယ်
အဆင်တန်ဆာတွေဆင်ယင်မထားပေမဲ့ သူမဟန်ပန်အမူအရာဟာ အဆင့်အတန်းတစ်ခုကိုဖော်ပြကာမြင့်မြတ်လို့နေတယ် မူနွဲ့ဖြင့်ငေးသွားရတာပါဘဲ
"ကျွန်မ ရှင့်ကို ပြောမထားဘူးလား ရှင့်ဘာသာရှင် အညှိအဟောက်တွေ အပြင်မှာဘယ်လောက်စားစား အိမ်ထဲတော့ ခေါ်မလာနဲ့လို့ ရှင်မရွံပေမဲ့ကျွန်မရွံတယ်"
အရေးပိုင်မင်းမျက်နှာဟာ ဒေါသကြောင့်ရဲတက်သွားတာ မူနွဲ့မြင်နေရတယ်
"တောက်"
မူနွဲ့ လှေကားထိပ်ကို ကြည့်မိတော့ ထို အမျိုးသမီးဟာ လှည့်ထွက်သွားပီ