Ch 576 to Ch 580

196 16 2
                                    

Chapter 576 - တောင်းပန်ခြင်း

လူလင်နာတစ်ယောက် ယန်ချီကိုကြည့်လိုက်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ယန်ချီရဲ့မျက်နှာပေါ်မှာ ဒီလိုတည်ငြိမ်တဲ့အမူအယာမျိုး မပေါ်သင့်ဘူးလို့ သူမ ခံစားမိနေခဲ့တယ်။

"ယန်ချီ မင်းလေ့ကျင့်ဖို့အတွက် နေရာတစ်ခုကိုရှာနိုင်ပေမယ့် ငါ အဲ့ဒီ့လို မလုပ်နိုင်ဘူး"

လူမင်နာက ယန်ချီကိုပြောလိုက်ပါတယ်။

ယန်ချီက ဒီစကားကိုကြားပေမယ့်လည်း တည်ငြိမ်စွာနဲ့ လူလင်နာကိုကြည့်ပြီး မေးလိုက်တယ်။

"အဲ့ဒီလိုဆိုလည်း ကျွန်တော့်ဘာသာ ရှာလိုက်မယ်"

အဲ့ဒီ့နောက်တော့ ယန်ချီက ထွက်သွားဖို့ ပြင်လိုက်တယ်။

"ရပ်လိုက်စမ်း"

လူလင်နာက ယန်ချီကို တားဆီးလိုက်တယ်။

ယန်ချီက ဒီစကားကိုကြားတဲ့အခါ ရပ်တန့်လိုက်ပြီး လူလင်နာကိုကြည့်ကာ မေးလိုက်တယ်။

"နည်းပြလူ ဘာများပြောစရာ ရှိသေးလို့လဲ"

ကျုံနန်ကျောင်းကိုလာရတဲ့ သူ့ရဲ့ရည်ရွယ်ချက်က ဟိုတျန်းနတ်ဆိုးတူအတွက်ပါ။ဒါပေမယ့် သူ့ရဲ့လက်ရှိစွမ်းအားနဲ့ ကောင်းကင်အဆင့် အဆင့်မြင့် စိတ်၀ိဉာဥ်လက်နက် ဟိုတျန်းနတ်ဆိုးတူကို သိမ်းသွင်းဖို့က မဖြစ်နိုင်မှန်းသိပါတယ်။

အခုဆိုရင် သူက သာလွန်ကောင်းကင်အဆင့် ကျင့်ကြံခြင်းနည်းစနစ် ဓားအကြိမ်သန်းပေါင်းများစွာဆွဲထုတ်ခြင်း သတ္တမအဆင့်ကို အောင်မြင်အောင် လေ့ကျင့်ဖို့အတွက် နေရာတစ်ခုကိုရှာချင်နေခဲ့တယ်။

သတ္တမအဆင့်ကိုအောင်မြင်ပြီးတာနဲ့ သူက အထူးရတနာသေတ္တာကိုရရှိမှာပါ။အဲ့ဒီ့အထူးရတနာသေတ္တာထဲက ပစ္စည်းက ဟိုတျန်းတူကိုသိမ်းသွင်းဖို့ ကူညီပေးနိုင်တဲ့ပစ္စည်း ဖြစ်လာနိုင်ပါတယ်။

ဒီအချိန်မှာတော့ လူလင်နာရဲ့မျက်နှာက ပျက်ယွင်းသွားခဲ့ပြီး ယန်ချီကို အေးစက်စက်ကြည့်လိုက်တယ်။

"ယန်ချီ ကျုံနန်ကျောင်းက ကျောင်းသားတွေက မင်းလိုမျိုးပြုမူနေခဲ့ရင် ငါက အခုကစပြီး ကျောင်းသားတွေကို ဘယ်လိုဦးဆောင်ရမှာလဲ"

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now