Ch 581 to 585

188 18 0
                                    


Chapter 581 -  လင်းချန်

လင်းချန်က နှာခေါင်းရှုံ့လိုက်ပြီး ယန်ချီကို အထင်သေးစွာ ကြည့်လိုက်တယ်။

“ယန်ချီ မင်းက အဆင့် တစ်မှာဆိုတော့ မင်းမှာ တစ်ခုခု ထူးခြားတာ ရှိရမယ်လို့ ငါထင်တယ်။ ဒါပေမယ့် မင်းက လိပ်တစ်ကောင်လို ဖြစ်နေလိမ့်မယ်လို့ မထင်မိဘူး”

ဒီစကားတွေ ထွက်ပေါ်လာတော့ ရင်ပြင်မှာ ရှိနေတဲ့ ကျောင်းသားတွေအားလုံး မှင်သက်သွားကြတယ်။

လင်းချန်ရဲ့ ပါးစပ်ကနေ ထွက်လာတဲ့ စကားတွေကို ကြားမိတဲ့သူတိုင်း ဒေါသထွက်ဖို့ မခက်ခဲပါဘူး။

သူတို့တွေသာ တိုက်ခိုက်ကြမယ်ဆိုရင် ပိုပြီး ကြည့်ကောင်းမယ်လို့ တွေးလိုက်ကြတယ်။

ယန်ချီကတော့ သစ်ပင်ကြီးက တည်ငြိမ်ချင်ပေမယ့်လည်း လေက ဘာကြောင့် တိုက်ရလဲဆိုတာကို သိချင်နေခဲ့တယ်။

သူ့အနေနဲ့ ကျုံနန်ကျောင်းကို လာရတာက ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် ဟိုတျန်းနတ်ဆိုးတူကို သိမ်းသွင်းချင်လို့ပါ။ ဒါပေမယ့်လည်း ဘာကြောင့်မှန်းမသိ ဒီလို စိတ်ပျက်စရာတွေနဲ့ ရင်ဆိုင်ရလဲဆိုတာ မသိတော့ပါဘူး။

သူ့အနေနဲ့ လင်းချန်ကို အာရုံထဲတောင် ထည့်မထားခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ လင်းချန်က သူ့မျက်လုံးထဲမှာ ဘာမှ မဟုတ်ခဲ့ဘူးလေ။

ယန်ချီက စကားပြန်မပြောတာကို မြင်တော့ လင်းချန်က ယန်ချီကို ကြောက်လန့်နေတယ်လို့ တွေးမိပြီး ရှေ့ဆက်တိုးလိုက်တယ်။

“မင်းလိုမျိုးလူက အဆင့် တစ်ဆိုရင် င့ါအစ်ကိုကြီးရဲ့ မျက်နှာ ဘယ်သွားထားရမလဲ”

လင်းချန်က ယန်ချီကို မကျေမနပ် နဲ့ ပြောလိုက်တယ်။

ယန်ချီက သူ့အနေနဲ့ လင်းချန်ရဲ့ ပါးစပ်ကို မပိတ်ဘူးဆိုရင် ဒီကောင်က ဆက်ပြီး လှောင်ပြောင်ပြောဆိုနေဦးမှာပါ။

အဲ့ဒီနောက်တော့ သူက လင်းချန်ကို ကြည့်ပြီး ဖြေးညှင်းစွာ ပြောလိုက်တယ်။

“လက်ချောင်းတစ်ချောင်း . .. ”

“ဘာ .. ”

ရင်ပြင်မှာ ရှိနေတဲ့ လူတိုင်းက ယန်ချီကို အံ့အားသင့်စွာ ကြည့်နေခဲ့ကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အားလုံးက ယန်ချီဆိုလိုတာကို နားမလည်ကြဘူးလေ။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now