Ch 591 to 595

179 12 0
                                    


Chapter 591- လုလင်နာက ယန်ချီဆီမှာ အကူအညီတောင်းခြင်း

လူလင်နာက တောင်ကြားထဲကို ရောက်ရှိလာတဲ့အခါ ယန်ချီက ဓါးဆွဲထုတ်တာကို ရပ်တန့်လိုက်ပြီး လူလင်နာကို သံသယအချို့နဲ့ ကြည့်လိုက်တယ်။

“နည်းပြလူ ဘာကိစ္စများ ရှိလို့လဲ”

လူလင်နာတစ်ယောက် ပြောရခက်သလိုနဲ့ တွန့်ဆုတ်တဲ့ အမူအယာ သူမရဲ့ မျက်နှာထက်မှာ ပေါ်လာခဲ့တယ်။

ယန်ချီလည်း ဘာမှမပြောပဲ လူလင်နာပြောမှာကို စောင့်ဆိုင်းနေခဲ့တယ်။ လူလင်နာအနေနဲ့ စကားပြောရမှာကို ရှက်နေတာကြောင့် သူမမှာ ပြဿနာ ရှိနေပြီးလို့ ယန်ချီက တွေးမိလိုက်တယ်။

အချိန်အတော်ကြာပြီးနောက်မှာတော့ လူလင်နာက သတ္တိမွေးပြီး ယန်ချီကို ပြောလိုက်တယ်။

“ယန်ချီ ငါနဲ့အတူ ငါတို့ မျိုးနွယ်ဆီကို ပြန်လိုက်ခဲ့ပေးနိုင်မလား”

လူလင်နာရဲ့ လူမျိုးနွယ်က အလယ်ပိုင်းဒေသရဲ့ မြို့ရှိ မျိုးနွယ်စုကြီးတစ်ခုပါ။

“မင်းရဲ့ မျိုးနွယ်ဆီကို ပြန်မလို့လား”

ယန်ချီလည်း လူလင်နာရဲ့ ဆိုလိုရင်းကို နားမလည်တာကြောင့် မှင်သက်သွားခဲ့ရတယ်။

ယန်ချီရဲ့ မျက်နှာပေါ်က အမူအယာကို မြင်ပြီးနောက် လူလင်နာက ထပ်မံပြောဆိုလိုက်တယ်။

“ယန်ချီ ငါတို့ မျိုးနွယ်က င့ါကို စေ့စပ်ပေးဖို့ စီစဉ်ထားကြတယ်။ အဲ့ဒါကြောင့် ငါ. . . ”

“ငါ နားလည်ပြီ။ နင်က စေ့စပ်ပွဲကို မလုပ်ချင်ဘူး။ ဒါကြောင့် ငါ့ကို ဒိုင်းတစ်ခုအနေနဲ့ ခေါ်သွားမလို့လား”

ယန်ချီက လူလင်နာကို ကြည့်ပြီ့း ပြောလိုက်တယ်။

လူလင်နာက ယန်ချီရဲ့ စကားတွေကို ကြားပြီးနောက် ရှက်ရွံ့စွာနဲ့ ခေါင်းကို ငုံ့လိုက်ပြီး ဘာမှ ပြန်မပြောခဲ့ပါဘူး။

သူမက ယန်ချီရဲ့ နည်ပြဆရာတစ်ယောက်ဆိုတော့ ဒီလိုမျိုး အကူအညီတောင်းတာ မကောင်းပါဘူး။

စက္ကန့်အနည်းငယ်လောက် စဉ်းစားပြီးနောက် လူလင်နာက ယန်ချီကို ကြည့်ပြီး အရင်ဆုံး ပြောလိုက်တယ်။ “ဒါဆိုလည်း ငါ သွားတော့မယ်”

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now