Ch 596 to 600

184 15 0
                                    


Chapter 596 - ပုရွတ်ဆိတ်တွေကို တောင်းပန်ရမှာလား

လီမျိုးနွယ်ခေါင်းဆောင် လီချောင်ယွင်နဲ့ လီမျိုးနွယ်က လူတိုင်း ယန်ချီကို ကြည့်လိုက်ကြတယ်။

သူတို့အားလုံးက ယန်ချီကို မသိကြပါဘူး။

“မင်းက ဘယ်သူလဲ”

လီမျိုးနွယ်ခေါင်းဆောင် လီချောင်ယွင်က ယန်ချီကို မေးလိုက်တယ်။

“ယန်ချီ”

ယန်ချီက သူ့နာမည်ကို အမှန်အတိုင်း ပြောလိုက်တယ်။

“ယန်ချီလား .. .”

လီမျိုးနွယ်ခေါင်းဆောင် လီချောင်ယွင်နဲ့ လီမျိုးနွယ်ဝင်တွေ အားလုံး မှင်သက်သွားကြတယ်။

ဘာကြောင့်လဲဆိုတော့ သူတို့တွေက ဒီနာမည်ကို တနေရာရာကနေ ကြားဖူးတယ်လို့ ထင်မိလိုက်တာကြောင့်ပါ့။

“ယန်ချီက ကျုံနန်ကျောင်းကလား”

လီမျိုးနွယ် အကြီးအကဲ တစ်ယောက်က မေးလိုက်တယ်။

မျိုးနွယ်ခေါင်းဆောင် လီချောင်ယွင်က ဒီစကားကို ကြားတဲ့အခါ ခေါင်းညိတ်လိုက်ပြီး သူ့ရဲ့ အိုမင်းတဲ့ မျက်နှာပေါ်မှာ အထင်သေးတဲ့ အရိပ်အယောင်ပေါ်လာခဲ့တယ်။

ဒီနေ့မှာ သူက လူမျိုးနွယ်နဲ့ စေ့စပ်ပွဲအတွက် လာရောက်တာကြောင့် ယန်ချီကို အာရုံစိုက်မနေခဲ့ပါဘူး။

“အစ်ကို ဂွမ်ခွန် ဒီစေ့စပ်ပွဲက. . . .”

ဒါပေမယ့်လည်း ယန်ချီက သူ့စကားပြောနေတဲ့အချိန်မှာ ကြားဖြတ်ပြောလိမ့်မယ်လို့ လီမျိုးနွယ်ခေါင်းဆောင် လီချောင်ယွင်အနေနဲ့ မထင်မိလိုက်ပါဘူး။

“ငါ ဒီစေ့စပ်ပွဲကို ကန့်ကွက်တယ်”

ဒီနေရာမှာ ရှိနေတဲ့ လူတိုင်းက ယန်ချီရဲ့ စကားကို ကြားတဲ့အခါ အံ့အားသင့်သွားကြတယ်။

သူတို့တွေက စကားပြောတဲ့သူကို ကြည့်လိုက်တဲ့အချိန်မှာတော့ ယန်ချီ ဖြစ်နေတာကို သိလိုက်ရတယ်။

လူဂွမ်ခွန်နဲ့ လူမျိုးနွယ်အကြီးအကဲတွေက အံ့အားသင့် သွားကြတယ်။ ယန်ချီက ရုတ်တရက် ဝင်ရောက် ကန့်ကွက်လိမ့်မယ်လို့ သူတို့တွေ မထင်ထားမိဘူးလေ။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now